ကျွန်မတို့ မိန်းကလေးအများစုက စိတ်ကူးယဉ်ဆန်ပြီး နူးညံ့ကြပါတယ်။ အနုပညာဆန်ကြပါတယ်။ ဒါပေမဲ့ ဒီအမူအရာလေးတွေကို ကိုယ့်အလုပ်နဲ့ ပေါင်းစပ်ဖို့တော့ ခဲယဉ်းတတ်ကြပါတယ်။ သင်က စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေးဆိုရင်တော့ ဒီအလုပ်တွေနဲ့ သင့်တော်ပါတယ်။

၁။ Wedding Planner

မင်္ဂလာပွဲ စီစဉ်ပေးသူက မင်္ဂလာပွဲ တည်နေရာ၊ အဝတ်အစားနဲ့ မင်္ဂလာပွဲအလှဆင်ခြင်းစတာတွေကို တာဝန်ယူရပါတယ်။ သင်က စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေးတစ်ယောက်ဆိုရင်တော့ အချစ်နဲ့ ပတ်သက်တဲ့ သင့်ရဲ့ အတွေးအမြင်တွေက တမူထူးခြားနေမှာပါ။ ပွဲတစ်ပွဲကို စီစဉ်ပေးရမယ့်လူဖြစ်တာကြောင့် ပင်ပန်းပါမယ်။ ဒါပေမဲ့ အနုပညာဆန်တဲ့ သင့်အတွက် သင့်တော်ပါတယ်။

၂။ ပန်းအလှဆင်သူ


Florist တွေပါ။ VD အတွက်ပဲဖြစ်ဖြစ ်မွေးနေ့၊ ဂုဏ်ပြုပွဲတွေအတွက် ပန်းအလှဆင်ပေးနိုင်ပါတယ်။ ပန်းလေးတွေက “ငါနင့်ကိုချစ်တယ်” ဆိုတဲ့ အဓိပ္ပာယ်မူကွဲတစ်ခုပါ။

၃။ အောင်သွယ်တော်


ဒီအလုပ်အကိုင်က ဒီမှာတော့သိပ်မတွင်ကျယ်သေးပါဘူး။ နိုင်ငံခြားမှာတော့ Dating Agency တွေကို ဆိုလိုပါတယ်။ မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ်ယောက်ကို ချစ်သူဖြစ်သွားအောင် ဒိတ်လုပ်ပေးရတဲ့ အလုပ်က စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေးတွေနဲ့ သင့်တော်ပါတယ်။

၄။ လူမှုဆက်ဆံရေး အတိုင်ပင်ခံ


အင်္ဂလိပ်လိုဆိုရင်တော့ Relationship Coach လို့ခေါ်ပါတယ်။ နိုင်ငံခြားမှာတော့ ဒီအလုပ်သီးသန့်လုပ်ပြီး စီးပွားရှာနေသူတွေ အများအပြားရှိပါတယ်။ အချစ်ရေးတစ်ခုမှာ ဘယ်လိုလုပ်လိုက်ရင် အဆင်ပြေသွားမလဲ၊ ဘယ်လိုလုပ်ရင် သူပြန်လာမလဲ စတာတွေကို ဆွေးနွေးအကြံပေးသူတွေဖြစ်ပါတယ်။ ဒီအတွက် ငွေရပါတယ်။

၅။ Portrait Photographer


လူတွေရဲ့ လှုပ်ရှားမှုတွေ၊ မင်္ဂလာပွဲအခမ်းအနားတွေကို အနီးကပ်ရိုက်ကူးရတဲ့ ဓာတ်ပုံဆရာပါ။ ချစ်သူနှစ်ဦးကြားက ချိုမြတဲ့ အကြည့်တွေ၊ မျက်ဝန်းတွေ၊ အပြုံးတွေကို သင်က အနီးကပ်ပေါ်လွင်နေအောင် ရိုက်ပေးရမှာပါ။

၆။ အိမ်အတွင်း အလှဆင်သူ


အခန်းတွင်းမှာ နေချင်စဖွယ်ဖြစ်အောင် အလှဆင်ပေးရသူတွေဖြစ်ပါတယ်။ အခုမှ အိမ်ပြောင်းလာတဲ့ ကြင်စဦးဇနီးမောင်နှံတွေအတွက် စိတ်ကူးယဉ်ဆန်တဲ့ အိမ်တွင်းပုံစံကို သင်က အလှဆင်ပေးနိုင်ပါတယ်။

သင့်အနေနဲ့ကော ဘယ်အလုပ်ကို အလုပ်ချင်ဆုံးလဲ ပြောခဲ့ပါဦး။

Source: HerBeauty.co

By MyStyle Myanmar