တစ်ယောက်တည်း နေရတာ သဘောကျသူ အများစုက သူတို့နားလူများလွန်းတာကို မကြိုက်တတ်ကြပါဘူး။ လူအများကြီးနဲ့ နေမယ့်အစား တစ်ယောက်တည်း လုပ်စရာရှိတာ လုပ်နေရတာကို ပျော်တတ်တဲ့ သူတွေ ဖြစ်ပါတယ်။ တစ်ယောက်တည်း နေခြင်းက သူတို့ကို အားအင်တွေ ပိုပြည့်စေကြောင်း နားလည်ထားသူတွေ ဖြစ်ပါတယ်။

အောက်ဖော်ပြပါ ရာသီခွင်တွေမှာ မွေးဖွားသူအများစုကတော့ နဂို ပင်ကို ဗီဇကိုက တစ်ယောက်တည်း နေရမှ အဓိပ္ပာယ်ရှိတယ်လို့ ယုံကြည်သူတွေ ဖြစ်ပါတယ်။ သင်က တစ်ယောက်တည်း နေရတာ ကြိုက်တဲ့သူ တစ်ယောက်ဆိုရင် အောက်ဖော်ပြပါ ရာသီခွင်တွေထဲ ပါနေမလား ဆက်ကြည့်လိုက်ပါနော်-

၁။ Scorpio

Scorpio ရာသီဖွားတွေက လူတွေနဲ့ နေရတာကို မနှစ်သက်သူတော့ မဟုတ်ပေမယ့် တစ်ယောက်တည်း တွေးနေတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ စိတ်ဝင်စားတာ တစ်ခုကို တွေ့တာနဲ့ ဘယ်သူနဲ့မှ စကားမပြောချင်တော့ဘဲ သူတို့အတွေးနဲ့ပဲ လုပ်စရာ ရှိတာ လုပ်တတ်ကြပါတယ်။

၂။ Virgo

Virgo ရာသီဖွားတွေက တစ်ခုခု အကြောင်းလေ့လာနေတာ၊ စာရေးနေတာ စတဲ့ အမှုကိစ္စတွေနဲ့ ကုန်ဆုံးတတ်ကြပါတယ်။ Virgo ရာသီဖွားတွေက အရှက်အကြောက်ကြီးပြီး လူတွေနဲ့ နီးကပ်နေတာက သူတို့အတွက် အကျိုးမရှိန်ိုင်တော့ဘူးဆိုတာ သိတာနဲ့ တစ်ယောက်တည်းနေဖို့ပဲ ဆုံးဖြတ်တတ်ကြပါတယ်။

၃။ Cancer

Cancer တွေကတော့ တခြားသူတွေနဲ့ ပျော်ပျော်နေတတ်သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလူတွေက သူတို့အတွက် အဆိပ်အတောက် ဖြစ်စေနိုင်တာ၊ အဆိုးမြင်စိတ် ပေးနိုင်တယ်ဆိုပြီး တွေးမိသွားရင်တော့ တစ်ယောက်တည်း နေဖို့ပဲ ဆုံးဖြတ်တတ်ကြပါတယ်။ Cancer ရာသီဖွားတွေက စိတ်ထိခိုက်လွယ်ပြီး အဆိုးမြင်စိတ်ရှိသွားတာနဲ့ တစ်ယောက်တည်းပဲ နေချင်ကြပါတော့တယ်။

၄။ Pisces

Pisces တွေက သူတို့ အတွေးနဲ့ပဲ သူတို့ နေထိုင်တတ်ကြပါတယ်။ တစ်ယောက်တည်း ဖန်တီးမှု အသစ်တွေကို စိတ်ကူးနဲ့ ပုံဖော်နေတတ်ပါတယ်။ တခြားသူတွေနဲ့ အတူနေရတာကို လိုအပ်တတ်ကြပေမယ့် ဒီလိုအပ်မှု ပြည့််ဝသွားပြီဆိုရင်တော့ တစ်ယောက်တည်းပဲ အချိန်အကြာကြီး နေသွားတတ်ကြပါတယ်။

၅။ Capricorn

Capricorn ရာသီဖွားတွေက တစ်ယောက်တည်း နေရတဲ့ ခံစားချက်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်သူတွေ ဖြစ်ပါတယ်။ ကိုယ်လုပ်စရာရှိတာကို အေးအေးဆေးဆေး လုပ်နေတတ်သူတွေ ဖြစ်ပါတယ်။

၆။ Aquarius

ဒီရာသီဖွားတွေကတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်တတ်သူတွေ ဖြစ်ပါတယ်။ နေရာအသစ်တွေကိုလည်း တစ်ယောက်တည်း သွားရဲသူတွေ ဖြစ်ပါတယ်။ ကိုယ်လုပ်စရာရှိတာတွေကို အာရုံစိုက် လုပ်တတ်သူတွေ ဖြစ်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar