ခဏခဏဖျားနာတာမျိုးတွေ၊ ကူးစက်ရောဂါတွေ မဖြစ်အောင် ကိုယ်တိုင်က ကိုယ်ခံအားရှိနေဖို့လိုပါတယ်။ ကိုယ်ခံအားနည်းရင် ရောဂါဝင်လွယ်ပါတယ်။
ဒါကြောင့် ကိုယ်ခံအားစနစ် ပိုကောင်းလာအောင်ကူညီပေမယ့် ယောဂကျင့်စဉ် ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Sphinx Pose

ပုံမှာပြထားတဲ့အတိုင်းနေပြီး နှာခေါင်းကနေ လေရှူသွင်းပြီး ပါးစပ်ကနေ လေပြန်ထုတ်ရမှာပါ။ အဲ့အတိုင်း ကိုယ်အဆင်ပြေသလောက်သာ နေပေးပါ။ ဒီယောဂကျင့်စဉ်က ကိုယ်ခံအားစနစ်နဲ့ အာရုံကြောစနစ်ကို ပိုမိုကောင်းမွန်လာစေပြီး စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဖိစီးမှုတွေလည်း ပြေပျောက်စေပါတယ်။

Revolved Chair Pose

ခါးကိုလိမ်ပြီး လက်အုပ်ချီအနေအထားနဲ့ ပုံမှာပြထားတဲ့အတိုင်း သေချာတူအောင်လုပ်ပေးပါ။ အဲ့အတိုင်း ၁၅ စက္ကန့်နေပြီး မတ်တပ်ပြန်ရပ်၊ ပြီးရင် အခြားတစ်ဖက်ကိုလှည့်ပြီး အဲ့အတိုင်းထပ်လုပ် ၁၅ စက္ကန့်နေပေးပါ။ တစ်ဖက်ကို ၅ ကြိမ်စီ လုပ်ပေးရင်ရပါပြီ။

Standing Backbend

ဒီယောဂကျင့်စဉ်ကတော့ လွယ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပြီး အသက်ကို ခပ်ပြင်းပြင်းလေး ရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ လုပ်ပေးရမှာပါ။

Eagle Pose

ဒီယောဂကျင့်စဉ်ကတော့ ခြေထောက်ကိုလိမ်တဲ့နေရာမှာ နည်းနည်းခက်ပါလိမ့်မယ်။ ဒါပေမယ့် ကြိုးစားလုပ်ကြည့်ပြီး ကိုယ်နေနိုင်သလောက်ပဲ နေပေးပါ။ ပြီးရင် ထပ်ကြိုးစားပြီး လုပ်ကြည့်ပါ။ သူက ကိုယ်ခံအားစနစ်ပိုကောင်းအောင် ကူညီပေးတဲ့အပြင် သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပါတယ်။

Triangle Pose

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်၊ ခါး၊ လက် အားလုံးကို ဆန့်တန်းထားပြီး စက္ကန့် ၃၀ နေပေးပါ။ အချိန်ပြည့်ရင် တစ်ဖက်ပြောင်းပြီး စက္ကန့် ၃၀ ထပ်နေပေးပါ။ ကိုယ်ခံအားစနစ်ပိုကောင်းတဲ့အပြင် အညောင်းအညာပြေကာ relax ဖြစ်စေပါတယ်။

Happy Baby Pose

ဒီယောဂကျင့်စဉ်ကတော့ အရမ်းလွယ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ အထိ အဆင်ပြေသလောက်သာ နေပေးပါ။ စိတ်ရောလူပါ relax ဖြစ်ပြီး stress တွေလျော့ကျစေပါတယ်။ ကိုယ်ခံအားနစ်လည်း ပိုကောင်းလာအောင် ကူညီပေးပါတယ်။