ပျိုမေတို့ရေ မင်္ဂလာပါ။ Collarbone လို့ခေါ်တဲ့ လည်ပင်းပေါ်က ညှပ်ရိုးလေးတွေက မိန်းကလေးတိုင်းအတွက် ဆွဲဆောင်မှုတစ်မျိုးပါပဲနော်။ လည်တိုင်မှာ Collarbone လေးတွေ ထင်းနေတာက ဆွဲကြိုးဝတ်လို့လည်း လှသလို Off Shoulder လို အင်္ကျီပုံစံလေးတွေနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။ သင်လည်း ဒီလို Collarbone ထင်းထင်းလေးတွေ လိုချင်တယ်ဆိုရင်တော့ အခုပြောပြပေးမယ့် ယောဂလေ့ကျင့်ခန်းလေးတွေကို လုပ်ကြည့်နိုင်ပါတယ်နော်။

အခုတစ်ခေါက်မှာ လည်ပင်းတစ်ဝိုက်အဆီ လောင်ကျွမ်းပြီး ပုခုံး၊ Collarbone နဲ့ ရင်ဘတ်နေရာတွေ ကျစ်လျစ်စေမယ့် ယောဂ Pose လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း ၁

Photo Source: seaofblush.com

အသက်ပြင်းပြင်းရှူသွင်းကာ လက်နှစ်ဖက်နောက်ပစ်ပြီး ချိတ်ထားပါ။ ရှူထုတ်ပြီး နောက်ပြန်ချိတ်ထားတဲ့လက်တွေကို ဖြေးဖြေးချင်း အတင်အချလုပ်ပေးရမှာဖြစ်ပါတယ်။ နောက်ကျောကို ဆန့်ထားပြီး လက်မောင်းတွေသာလှုပ်ရှားပေးရပါမယ်။ ဒီပုံစံအတိုင်း ၁၅ စက္ကန့်လောက်လုပ်ပေးဖို့လိုပါတယ်။

လေ့ကျင့်ခန်း ၂


ခန္ဓာကိုယ်တစ်ဖြောင့်တည်းထားကာ လက်မောင်းကြွက်သားတွေအားပြုပြီး Plank ထောက်ပေးတာကလည်း Collarbone ထွက်လာစေပါတယ်။ တစ်မိနစ်လောက် Plank ထောက်တာမျိုး လုပ်ပေးပါ။

လေ့ကျင့်ခန်း ၃


ပုံပါအတိုင်း ဟန်ချက်ညီညီမတ်တပ်ရပ်ပြီး လက်တွေကို အပေါ်ဆန့်မြှောက်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့ဘက်ကော့ပေးထားရမှာဖြစ်ပါတယ်။ ဒီပုံစံအတိုင်း စက္ကန့် ၃၀ ကနေ ၅၀ လောက်အထိ ခံနိုင်ရည်ရှိသလောက် ထိန်းထားနိုင်ပါတယ်။

လေ့ကျင့်ခန်း ၄


ကြမ်းပြင်မှာလှဲချကာ ကိုယ်နိုင်သလောက် အလေးတုံးတွေ လက်တစ်ဖက်စီကိုင်ပြီး လက်တွေကိုစုကာ မ တင်လိုက် ဖြေးဖြေးချင်း ပြန်ချလိုက်လုပ်ပေးရမှာပါ။ ဒါကိုတော့ ဆယ်ကြိမ်ခန့် ထိန်းပြီးပြုလုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း ၅


ဒူးထောက်လျက် လှဲကာ လက်တွေချထားပြီး ပုံပါအတိုင်း ခန္ဓာကိုယ်ကို အပေါ်မြှောက်တင်ပေးရမှာ ဖြစ်ပါတယ်။ ဒီပုံအတိုင်း ကြမ်းပြင်နဲ့မထိအောင် ခန္ဓာကိုယ် မ ထားကာ စက္ကန့် အနည်းငယ်ကနေ တစ်မိနစ်လောက်အထိ တောင့်ထားပြီး ပြုလုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း ၆


လက်နှစ်ဖက်လုံးကို နောက်ပြန်ထောက်ကာ အားပြုထားပြီး ပုံထဲကလို လှဲချတဲ့ပုံစံနေပေးရမှာဖြစ်ပါတယ်။ ရင်ဘတ်ကိုကော့ထားပြီး ဒီပုံစံအတိုင်း စက္ကန့် ၃၀ လောက်နေပေးရမှာ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar