ဗိုက်ခေါက်တွေရှိနေလို့၊ ဗိုက်အဆီတွေများပြီး ဗိုက်ပူနေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ကျဖို့ခက်နေတဲ့ ဗိုက်အဆီတွေကိုတောင် လောင်ကျွမ်းသွားစေဖို့ကူညီပေးမယ့် ယောဂကျင့်စဉ် ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အစားလည်းမရှောင်ချင်ဘူး၊ workout လုပ်ရမှာလည်းပျင်းတယ်ဆိုရင် ယောဂတော့လုပ်ပေးသင့်ပါတယ်။

Board Pose or Plank Pose

ပုံမှာပြထားတဲ့ Board Pose or Plank Pose အတိုင်း စက္ကန့်ပိုင်းလောက်နေပေးရုံပါပဲ။ ပြီးရင် ပုံမှန်အတိုင်ပြန်နေပြီး ၁၀ စက္ကန့်နားလိုက်ပါ။ ပြီးရင်ထပ်လုပ်ပါ။ စုစုပေါင်း အကြိမ် ၂၀ လုပ်ပေးရင်ရပါပြီ။

Wind Easing Posture

ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး တတ်နိုင်သလောက် ဒူးနဲ့နဖူးကို ထိအောင်လုပ်ပေးရမှာပါ။ မထိလည်းဘာမှမဖြစ်ပါဘူး လုပ်ရင်းနဲ့မှ ထိလာပါလိမ့်မယ်။ စစချင်းကတော့ ထိဖို့ခက်ပါတယ်။ အဲ့အတိုင်း အကြိမ်ကြိမ် ကိုယ်လုပ်နိုင်သလောက်သာ လုပ်ပေးပါ။

Boat Pose

ပုံမှာပြထားတဲ့ Boat Pose အတိုင်း စက္ကန့်ပိုင်းလောက်နေပြီး အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ ပြီးရင် ခြေထောက်ပြန်ချပြီး ထပ်လုပ်ပါ။ ၁၀ ကြိမ်လုပ်ပေးရင်ရပါပြီ။

Bow Posture

ပုံမှာပြထားတဲ့ Bow Posture အနေအထားအတိုင်း စက္ကန့် ၃၀ ပြည့်အောင် နေပေးပါ။ လက်နဲ့ ခြေထောက်ကိုကိုင်ထားပြီး ခြေထောက်ကို တင်ပါးနားရောက်တဲ့အထိ လုပ်ပေးပါ။ ခုနကလိုပဲ စစချင်းမှာခက်ပေမယ့် လုပ်ရင်းနဲ့ ထိနိုင်လာပါလိမ့်မယ်။ အဲ့အတိုင်း ၁၅ ကြိမ်တော့ လုပ်ပေးရပါမယ်။

Standing Forward Bend

ပုံမှာပြထားတဲ့အတိုင်း လက်ဖဝါးနှစ်ဖက်က ကြမ်းပြင်ကိုထောက်နိုင်တဲ့အထိ ကုန်ပေးရမှာပါ။ ခြေထောက်တွေကိုလည်း ကွေးလို့မရပါဘူး။ အဲ့အတိုင်း စက္ကန့်အနည်းငယ်လောက် နေပေးရမှာပါ။ ပြီးရင် မတ်မတ်ပြန်နေပြီး ထပ်လုပ်ပါ။ ၁၀ ကြိမ်လုပ်ပေးရင်ရပါပြီ။

Seated Forward Bend

ဒါကတော့ လုပ်နေကျဖြစ်မှာပါ။ လွယ်ကူပါတယ်။ ဒါပေမယ့် ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကိုဆင်းထားပြီး နဖူးနဲ့ဒူးနဲ့ထိဖို့ကတော့ ခက်ပါလိမ့်မယ်။ ရသလောက်သာလုပ်ပေးပါ။ တစ်ဖြေးဖြေးနဲ့ထိနိုင်လာပါလိမ့်မယ်။ ဒါလည်း ၁၅ ကြိမ်လုပ်ပေးရင် ရပါပြီ။