အိပ်ပျော်ဖို့ခက်ခဲနေတဲ့သူတွေနဲ့ ညဘက်တွေမှာ အမြန်ဆုံးအိပ်ပျော်ဖို့၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ လိုအပ်နေတဲ့သူတွေအတွက် ခေါင်းချလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားစေဖို့ ကူညီပေးမယ့် ယောဂ ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ညအိပ်ခါနီးတိုင်း (သို့) ညနေတိုင်းမှာ ပုံမှန် နေ့တိုင်းလုပ်ပေးသွားနိုင်ရင် ပိုကောင်းပါတယ်။

ယောဂ ၁

အရင်ဆုံး ခြေထောက်နှစ်ဖက်ကား၊ လက်နှစ်ဖက်ကား၊ မျက်စိမှိတ်ပြီး အသက်ကို ခပ်ပြင်းပြင်းရှိုက်ရှူလိုက်၊ ခပ်ပြင်းပြင်း ပြန်ထုတ်လိုက်နဲ့ ၁ မိနစ် လုပ်ပေးပါ။

ယောဂ ၂

ခေါင်းအုံးအောက်ထဲကို လက်ထည့်ပြီး ခေါင်းက တစ်ဖက်ကိုလှည့်နေပါ။ ခြေထောက်နှစ်ဖက်ကတော့ ဘေးနှစ်ဖက်ကို တန်းနေအောင် ကားထားပေးပါ။ ကိုယ်ကားနိုင်သလောက် ကားပေးပါ။ လုပ်တာကြာသွားရင် ပုံထဲကလောက် ကားနိုင်သွားပါလိမ့်မယ်။ အဲ့အတိုင်း ၁ မိနစ်လောက်နေပေးပြီး အသက်ရှူလေ့ကျင့်ခန်း လုပ်နေပေးပါ။

ယောဂ ၃

ခြေထောက်နှစ်ဖက်ကို နံရံမှာကပ်ထောင်ပြီး မျက်စိမှိတ်ကာ ထုံးစံအတိုင်း အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးပါ။ ဒါလည်း ၁ မိနစ်လောက်ဆို ရပါပြီ။

ယောဂ ၄

လက်နှစ်ဖက်ကို ဘေးကားထားပြီး ခြေထောက်နှစ်ဖက်ကိုကွေးကာ ခြေဖဝါးနှစ်ဖက်ကို ပူးလိုက်ပါ။ အဲ့အတိုင်းနေပြီး အသက်ရှူလေ့ကျင့်ခန်း လုပ်ရမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၁ မိနစ်လုပ်ပေးပါ။

ယောဂ ၅

မှောက်ယက်အနေအထားနဲ့ ဗိုက်နဲ့ရင်ဘတ်အောက် ခေါင်းအုံးထားပြီး ပုံမှာပြထားတဲ့အတိုင်း နေပေးပါ။ လက်နှစ်ဖက်ကို အနောက်မှာထားပြီး လက်ချောင်းလေးတွေကို ယှက်တဲ့ပုံစံမျိုး လုပ်ထားပါ။ အဲ့အတိုင်းနေပြီး အသက်ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပါ။ စက္ကန့် ၃၀ ကနေ ၁ မိနစ်အထိ ကိုယ်အဆင်ပြေသလောက် နေလို့ရပါတယ်။

ယောဂ ၆

ပုံမှာလုပ်ပြထားတဲ့အတိုင်းလေး ခြေထောက်နှစ်ဖက်ကို ကွေးပြီးစုထားပါ။ လက်တစ်ဖက်ကို ပေါင်ပေါ်တင်ထားပြီး ဟိုဘက်ကိုလှည့်၊ ဟိုဘက်လက်က ဆန့်ထုတ်ထားပါ။ အဲ့အတိုင်း အသက်ကိုရှူသွင်းရှူထုတ်လုပ်ပြီး စက္ကန့် ၃၀ ကနေ ၁ မိနစ်အထိ နေပေးပါ။ အချိန်ပြည့်ရင် ဘက်ပြောင်းပြီး ထပ်လုပ်ပေးရုံပါပဲ။