ဝမ်းချုပ်တယ်ဆိုပြီး ခဏခဏဝမ်းနှုတ်ဆေး သောက်တာမျိုးတွေ လုပ်မယ့်အစား လေ့ကျင့်ခန်းလုပ်တာ yoga ကျင့်တာမျိုးတွေ လုပ်ကြည့်သင့်ပါတယ်။ ဒါတွေက ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး ဘာဘေးဥပါဒ်မှလည်း မဖြစ်စေပါဘူး။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဝမ်းချုပ်တတ်တဲ့သူတွေအနေနဲ့ နေ့တိုင်းလုပ်ပေးသင့်တဲ့ yoga (6) မျိုးကို မျှဝေပေးလိုက်ပါတယ်။ နေ့တိုင်းသာ အချိန်ပေးပြီး သေချာလုပ်သွားမယ်ဆိုရင် ဝမ်းချုပ်တဲ့ပြဿနာလည်း ရှိတော့မှာမဟုတ်ပါဘူး။

Half spinal twist

ခြေထောက်အနေအထားကို ပုံမှာလုပ်ပြထားတဲ့အတိုင်းလုပ်ပြီး ထိုင်နေပါ။ ပြီးရင် အဲ့အနေအထားနဲ့ ခါးနဲ့မျက်နှာကို ဘယ်လှည့်ညာလှည့် လုပ်ပေးရမှာပါ။ လုပ်နေတဲ့အချိန်မှာ အသက်ကို ရှူသွင်းရှူထုတ်လည်း မှတ်ပြီးလုပ်နေပေးပါ။ အနည်းဆုံး 10 ကြိမ်လုပ်ပေးပြီး ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပေးပါ။ တစ်ဖက်ကို 10 ကြိမ်စီ လုပ်ပေးရပါမယ်။

Supine spinal twist

ပုံမှာလုပ်ပြထားတဲ့ အနေအထား 3 မျိုးအတိုင်း အဆင့်ဆင့်လုပ်ပေးပါ။ 3 မျိုးလုံးလုပ်ပြီးမှ 1 ကြိမ်လို့သတ်မှတ်ပြီး အနည်းဆုံး 10 ကြိမ်လုပ်ပေးပါ။ ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပေးပါ။ တစ်ဖက်ကို 10 ကြိမ်စီပါ။

Cobra pose

ပုံမှာလုပ်ပြထားတဲ့ အနေအထားအတိုင်း လုပ်ပေးသွားရမှာ ဖြစ်ပါတယ်။ Body ကို ပင့်တဲ့အခါမှာ ဖြေးဖြေးချင်းစီ ပင့်တဲ့ပုံစံမျိုးပဲ လုပ်ပေးပါ။ အနည်းဆုံး 15 ကြိမ် လုပ်ပေးပါ။

Legs up the wall pose

နံရံမှာ ခြေထောက်နှစ်ချောင်းကို ထောင်ထားပြီး ခြေထောက်နှစ်ချောင်းကို ကွေးလိုက် ဆန့်လိုက် လုပ်ရမှာပါ။ ဖြေးဖြေးနဲ့မှန်မှန် လုပ်သွားပေးပါ။ 15 ကြိမ်၊ အကြိမ် 20 လောက် လုပ်ပေးပါ။

Wind-relieving pose

ဒီ yoga pose ကိုလုပ်တဲ့အခါမှာတော့ နဖူးနဲ့ဒူးကို ထိအောင်လုပ်နိုင်ဖို့က နည်းနည်းတော့ ခက်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ဖြေးဖြေးချင်းစီလုပ်ပေးရင် အဆင်ပြေသွားမှာပါ။ အနည်းဆုံး 15 ကြိမ်လုပ်ပေးရင် ရပါတယ်။

Bow pose

Bow pose ကိုလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်း ဖြေးဖြေးနဲ့မှန်မှန် လုပ်သွားပေးပါ။ ဒါလည်း အနည်းဆုံး 15 ကြိမ် လုပ်ပေးရမှာပါပဲ။