ခါးနာရင် ဆေးသောက်ရုံနဲ့မရပါဘူး။ လေ့ကျင့်ခန်းတွေပါ တွဲလုပ်ပေးမှ ပိုပြီးသက်သာတာ မြန်စေပါတယ်။ ဒါကြောင့် ခါးနာတဲ့သူတွေအတွက် နာကျင်ကိုက်ခဲတာတွေ အမြန်ဆုံးသက်သာစေမယ့် ယောဂ ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာပဲအလွယ်တကူလုပ်လို့ရတဲ့အတွက် အဆင်ပြေပါတယ်။

Cobra Pose

ပုံမှာလုပ်ပြထားတဲ့ အနေအထား ၂ မျိုးကို လုပ်ပေးရမှာပါ။ လုပ်တဲ့အချိန်မှာ ခြေထောက်တွေ၊ ခါးတွေ အားလုံးကို ဆန့်ထုတ်ပစ်ရမှာပါ။ ဒါမှ ခါးနာတာ သက်သာစေမှာပါ။ အနေအထား ၂ မျိုးလုံးလုပ်ပြီးမှ ၁ ကြိမ်လို့သတ်မှတ်ပြီး ၁၀ ကြိမ်၊ ၁၅ ကြိမ် လုပ်ပေးပါ။

Seated Side Stretch

ပထမပုံထဲကအတိုင်းလုပ်ပြီးရင် ဒုတိယပုံထဲကအတိုင်း ပြန်လုပ်ပြီးရင် လက်နှစ်ဖက်ကို အပေါ်မြှောက်ပါ။ ပြီးတော့မှ ပထမပုံထဲကအတိုင်း ပြန်လုပ်ပါ။ အဲ့အတိုင်း ဘယ်ဘက်စောင်းတာ ၁၀ ကြိမ်၊ ညာဘက်စောင်းတာ ၁၀ ကြိမ် လုပ်ပေးပါ။

Seated Eagle Arms

အရင်ဆုံး မတ်မတ်ထိုင်ပြီး လက်နှစ်ဖက်ကို ဘေးဆန့်လိုက်ပါ။ ပြီးရင် ပထမပုံထဲကအတိုင်းလုပ်ပါ။ ပြီးမှ ဒုတိယပုံထဲကအတိုင်း ပြောင်းလုပ်ပါ။ ဒါဆိုရင် ၁ ကြိမ်ရပါပြီ။ အဲ့အတိုင်း အနည်းဆုံး ၁၀ ကြိမ် လုပ်ပေးပါ။

Gate Pose

ပထမပုံထဲကလို အနေအထားနဲ့နေပြီးရင် ဆန့်ထားတဲ့ခြေထောက်ကို ဖြေးဖြေးချင်းစီ ပြန်ရုပ်ပြီး ဒူးထောက်ကာ ဒုတိယပုံထဲကအတိုင်းနေပေးပါ။ ပြီးမှ ဖြေးဖြေးချင်းစီ ခါးပြန်မတ်ပြီး ခြေထောက်တစ်ဖက် ဆန့်ထုတ်ကာ ပထမပုံထဲကအတိုင်း ပြန်လုပ်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးရင် ရပါပြီ။

Supported Fish Pose

ခေါင်းနဲ့ ကျောအလည်နေရာမှာ ပုံထဲကအတိုင်း မာတဲ့တုံးတစ်ခုခုနဲ့ ခံထားပါ။ ပြီးရင် ပထမပုံထဲကအတိုင်း လှဲချပြီး ၅ စက္ကန့်နေပါ။ ပြီးရင် ဒူးနှစ်ဖက်ကိုထောင်ပြီး ဖြေးဖြေးချင်းစီ ပြန်ထပါ။ ပြီးရင် ပြန်လုပ်ပါ။ အဲ့အတိုင်း ၁၀ ကြိမ်လုပ်ပေးပါ။

Reclined Hand-to-Big-Toe Pose

Resistant Band (သို့) အဝတ်စကိုသုံးပြီး ပုံထဲကအတိုင်း ခြေထောက်တစ်ဖက်ကို ၄၅ ဒီဂရီမြှောက်ပေးရမှာပါ။ ပြီးရင် ခြေထောက်ပြန်ချ၊ ပြီးရင် ပြန်လုပ်ပါ။ ဒါလည်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးရင် ရပါပြီ။