ဗိုက်ချပ်ရုံတင်မဟုတ်ပဲ Abs ထွက်လာတာမျိုးပါ လိုချင်တဲ့သူတွေအတွက် ဗိုက်ချပ်ပြီး Abs ထွက်လာစေဖို့ကူညီပေးမယ့် Workout 6 မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဒီ Workout တွေက အိမ်မှာပဲ အေးအေးဆေးဆေးလုပ်နိုင်မယ့် Workout တွေဖြစ်လို့ ဗိုက်အဆီတွေများနေတယ်၊ ဗိုက်ချပ်ပြီး Abs လည်းထွက်ချင်တယ်ဆိုရင် Try ကြည့်သင့်ပါတယ်။

Workout 1

ပုံမှာလုပ်ပြထားသလို ခြေထောက်တစ်ဖက်ကို ဆန့်ထားပြီး နောက်ခြေထောက်တစ်ဖက်ကို ကွေးရမှာမျိုးပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 10 ကြိမ်စီ လုပ်ရပါမယ်။ လုပ်တဲ့အခါမှာ ခေါင်းကို ပုံထဲကအတိုင်း ကြွထားရမှာ ဖြစ်ပါတယ်။

Workout 2

ယောဂဖျာပေါ်ကို လက်ထောက်ပြီး ခြေထောက်ကို ပုံမှာလုပ်ပြထားတဲ့ အနေအထား 2 မျိုးအတိုင်း တစ်လှည့်စီ လုပ်နေပေးရမှာပါ။ 10 ကြိမ်ဆက်တိုက်လုပ်ပြီးရင် 1 မိနစ်နား၊ ပြီးရင် နောက်ထပ် 10 ကြိမ် ဆက်တိုက်ထပ်လုပ်ပေးပါ။

Workout 3

ခြေဖနောင့်အောက်မှာ တစ်ခုခုကို ခုထားပြီး လက်ဖဝါးနှစ်ဖက်နဲ့ ကြမ်းပြင်ကို ထောက်ထားပါ။ အဲ့အတိုင်းနေပြီး တင်ပါးကို ကြမ်းပြင်နဲ့ထိလိုက်၊ အပေါ်ကိုကြွလိုက်နဲ့ 10 ကြိမ်ဆက်တိုက်လုပ်ရပါမယ်။ အချိန်ပြည့်ရင် ခုနကလိုပဲ 1 မိနစ်နားပြီး နောက်ထပ် 10 ကြိမ် ဆက်တိုက်ထပ်လုပ်ပေးပါ။

Workout 4

ပုံမှာလုပ်ပြထားတဲ့ အနေအထား 3 မျိုးလုံးကိုလုပ်ပြီးတော့မှ 1 ကြိမ်လို့သတ်မှတ်ရပါမယ်။ အဲ့အတိုင်း 15 ကြိမ်လုပ်ပေးရင် ရပါပြီ။

Workout 5

ပထမပုံထဲကလို အရင်ဆုံးစနေပါ။ ပြီးရင် ဘယ်ခြေထောက်ကို ဒုတိယပုံထဲကလို ညာဘက်ကိုစောင်းပြီး ကွေးပေးပါ။ ပြီးရင် ပထမပုံထဲကလို ပြန်နေပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 10 ကြိမ်၊ 15 ကြိမ်စီ လုပ်ပေးပါ။

Workout 6

ဒီ Workout ကိုလုပ်တဲ့အခါမှာ ခေါင်းအနေအထား၊ ခန္ဓာကိုယ်အနေအထား၊ လက်အနေအထားကို လုံးဝမပြောင်းလဲပဲ အဲ့အတိုင်းထားရပါမယ်။ ခြေထောက်ကိုပဲ ကွေးလိုက်ဆန့်လိုက် လုပ်ပေးရမှာပါ။ အနည်းဆုံး 15 ကြိမ် လုပ်ပေးပါ။