လက်မောင်းက အားကစားလုပ်ထားသလို လှပပြီး Toned Arms ရလာစေဖို့အတွက်ဆိုရင် Workout တွေက အများကြီးရှိပါတယ်။ အဲ့ထဲကမှ လုပ်ရတာလွယ်ကူမယ့် Workout 6 မျိုးကို မျှဝေပေးလိုက်ပါတယ်။
Triceps Extension
အလေးတုံးကို ပုံမှာပြထားတဲ့အတိုင်းကိုင်ပြီး ခေါင်းအနောက်ကနေ အပေါ်မြှောက်လိုက်၊ အောက်ပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။ ၁၀ ကြိမ်ဆက်တိုက်လုပ်ပြီး ခဏရပ်၊ ပြီးရင် နောက်ထပ် ၁၀ ကြိမ် ထပ်လုပ်ပေးပါ။
Skull Crushers Or Lying Triceps Extension
ကြမ်းပြင်မှာလှဲကာ ဒူးနှစ်ဖက်ကို ထောင်ထားပါ။ ပြီးရင် ပုံမှာလုပ်ပြထားသလို အလေးတုံးကိုမပြီး လက်ကို အပေါ်ဆန့်လိုက်၊ ပြန်ကွေးလိုက် လုပ်ပေးရပါမယ်။ ဒါလည်း ၁၀ ကြိမ်ဆက်တိုက်လုပ်ပြီး ခဏရပ်၊ ပြီးရင် နောက်ထပ် ၁၀ ကြိမ် ထပ်လုပ်ပေးပါ။
Triceps Dips
အနောက်အမှီရှိတဲ့နေရာမှာ ပုံထဲကအတိုင်းနေပြီး လက်ကိုအားပြုကာ အပေါ်ထလိုက်၊ ပုံထဲကအတိုင်း ပြန်နေလိုက်နဲ့ ၃ ကြိမ်ဆက်တိုက်လုပ်ပါ။ ပြီးရင် ခဏရပ် ပြီးရင် နောက်ထပ် ၃ ကြိမ် ဆက်တိုက် ထပ်လုပ်ပါ။ စုစုပေါင်း ၁၅ ကြိမ် လုပ်ရမှာပါ။
Triceps Push-Ups
ဒီလေ့ကျင့်ခန်းကတော့ ဒိုက်ထိုးသလိုပါပဲ။ ပုံမှာလုပ်ပြထားတဲ့အတိုင်း ၁၀ ကြိမ်ဆက်တိုက်လုပ်ပြီး ခဏရပ်၊ ပြီးရင် နောက်ထပ် ၁၀ ကြိမ် ထပ်လုပ်ပေးပါ။
Triceps Side Push-Ups
ခြေထောက်ကိုကွေးပြီးတော့ ဘေးတစ်စောင်းလှဲနေပါ။ လက်အနေအထားကို ပထမပုံထဲကအတိုင်း လုပ်ထားပေးပါ။ ပြီးရင် ဒုတိယပုံထဲကလို လက်တစ်ဖက်နဲ့ထောက်ပြီးတစ်ဝက်ထပါ။ ပြီးရင် ပထမပုံထဲကလို ပြန်နေပါ။ အဲ့အတိုင်း ၅ ကြိမ်ဆက်တိုက်လုပ်၊ ခဏရပ် ပြီးရင် နောက်ထပ် ၅ ကြိမ် ထပ်လုပ်ပေးပါ။ ၁၀ ကြိမ် ပြည့်ပြီဆိုရင် ဘယ်ညာပြောင်းလှည့်ပြီး အဲ့အတိုင်းပဲ ထပ်လုပ်ပေးရမှာ ဖြစ်ပါတယ်။
One-Arm Kickback
ပုံမှာလုပ်ပြထားတဲ့အတိုင်းနေပြီး အလေးတုံးကိုကိုင်ကာ မလိုက်၊ ပြန်ချလိုက် လုပ်ပေးရမှာပါ။ ၁၀ ကြိမ် ဆက်တိုက်လုပ်ပြီး ခဏရပ်၊ ပြီးရင် နောက်ထပ် ၁၀ ကြိမ် ထပ်လုပ်ပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၃၀ စီ လုပ်ပေးရမှာပါ။