Victoria Beckham က သူမရဲ့ အသားအရေဂရုစိုက်မှု Routine မှာ Face Roller ကိုပါ ထည့်သုံးလေ့ရှိကြောင်း သိရပါတယ်။ ဒီ Roller က သူမရဲ့ Mask ကို ပျံ့နှံ့သွားအောင်လုပ်ပေးနိုင်ကြောင်း ပြောထားပါတယ်။ အသားအရေပြစ်မျိုးမဲ့မထင် ပိုင်ဆိုင်အောင် ကူညီပေးတဲ့အရာတွေထဲ Face Roller ပါဝင်နေပါတယ်။ သင်က Face Roller ရဲ့အသားအရေအတွက်ကောင်းကျိုးတွေကို သိချင်ရင် ဆက်ကြည့်ပေးပါနော်-

၁။ သင့်အသားအရေကို ပိုတောက်ပစေတယ်

Face roller က အသားအရေသွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ၅ မိနစ်လောက် လှိမ့်ပေးရုံနဲ့ အသားအရေကောင်းမွန်လာကြောင်း လေ့လာမှုတွေကဆိုထားပါတယ်။

၂။ မျက်နှာဖောင်းတာကို သက်သာစေတယ်

မျက်အိတ်ဖောင်းတာ၊ မျက်နှာဖောင်းတာတွေကို Face Roller က သက်သာစေပါတယ်။ Lymph သွေးစီးဆင်းမှုကောင်းမွန်စေပြီး မျက်နှာယောင်ယမ်းတာကို သက်သာစေပါတယ်။

၃။ အသားအရေကို အစိုဓာတ်ပေးတယ်

Jade နဲ့လုပ်ထားတဲ့ Roller တွေကအသားအရေကို အေးမြစေပြီး ထိခိုက်လွယ်တဲ့အသားအရေကို ထိန်းသိမ်းပေးရာရောက်ပါတယ်။

၄။ အသက်ရှူလမ်းကြောင်းကို ကောင်းမွန်စေတယ်

လေလမ်းကြောင်းတစ်ဝိုက် အရည်ပိတ်ဆို့မှုဖြစ်တဲ့အချိန် အသက်ရှူလမ်းကြောင်း ရှူရခက်တာတွေဖြစ်တတ်ပါတယ်။ Roller နဲ့ လှိမ့်ပေးတဲ့အခါ အသက်ရှူရ ကျပ်တာကို ပွင့်စေပါတယ်။

၅။ Skincare ပစ္စည်းတွေကို ကောင်းကောင်းပျံ့စေတယ်

Anti-Aging ဖြစ်စဉ်မှာ အသားအရေကို နှိပ်နယ်ပေးခြင်းက အဓိကကျပါတယ်။ Face Roller သုံးပေးတဲ့အခါ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သေချာဖြန့်ပေးရာရောက်ပါတယ်။

၆။ မျက်နှာသွယ်စေတယ်

Face Roller က မျက်နှာက မလိုတဲ့အရည်တွေကို လျှောချပေးရာရောက်စေပြီး မျက်နှာသွယ်စေပါတယ်။

သင်က Face Roller သုံးဖူးသူလား။ တကယ်ထိရောက်ရဲ့လား ပြောပြခဲ့ပါဦး။

Source: Brightside.me

By MyStyle Myanmar