ကော်ဖီမှုန့်အကြမ်းဆိုရင် တော်တော်များများက ကော်ဖီဖျော်သောက်ဖို့လောက်ပဲ သိကြတာများပါတယ်။ တကယ်တော့ ကော်ဖီမှုန့်အကြမ်းက စားဖို့သောက်ဖို့အတွက်တင်မဟုတ်ပဲ တခြားနေရာတွေအတွက်လည်း အသုံးဝင်ပါသေးတယ်။ ဒါကြောင့် လူတိုင်းသိထားသင့်တဲ့ ကော်ဖီမှုန့်အကြမ်းရဲ့ အသုံးဝင်ပုံ ၆ မျိုးကို ပြောပြပေးလိုက်ပါတယ်။

ပိုးကောင်တွေကိုနှင်နိုင်တယ်

အိမ်တွေမှာ ပိုးကောင်တွေရှိနေရင် ကော်ဖီမှုန့်အကြမ်းနဲ့ပဲဖြစ်ဖြစ်၊ ကော်ဖီစေ့နဲ့ပဲဖြစ်ဖြစ် နှင်လို့ရပါတယ်။ ပိုးကောင်လာတဲ့နေရာ၊ ပိုးကောင်ရှိတဲ့နေရာတွေမှာ ကော်ဖီမှုန့်အကြမ်းကို ဖြူးထားလိုက်ပါ။ ဒါဆိုရင်တော့ ပိုးကောင်တွေ၊ ခြင်တွေ၊ ကပ်ပါးကောင်တွေအကုန်လုံး မလာနိုင်တော့ပါဘူး။

ပန်းတွေကြာရှည်ခံစေတယ်

ပန်းအိုးထဲမှာ ပန်းထိုးထားရင် ကြာရှည်ခံပြီး ရက်ကြာကြာ လန်းနေအောင် ပန်းအိုးထဲကို ကော်ဖီမှုန့်အကြမ်းထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ ပုံမှနထက်ပိုပြီး ကြာရှည်ခံစေပါတယ်။

အသားနှပ်လို့ရတယ်

ကော်ဖီမှုန့်အကြမ်းမှာက အက်ဆစ်ပါလို့ အသားတွေနူးညံ့စေဖို့ ကူညီပေးနိုင်ပါတယ်။ အရသာလည်း ပိုကောင်းအောင် ကူညီပေးပါတယ်။ ဒါကြောင့် အသားကို နှပ်တဲ့အခါမှာ ကော်ဖီမှုန့်အကြမ်းဖြူးပြီး နှပ်ပေးပါ။ ၂ နာရီလောက်နှပ်ထားပြီးမှချက်ရင် ပိုပြီးစားကောင်းစေပါတယ်။

အိမ်မွေးတိရစ္ဆာန်ရဲ့အန့ံတွေ ပျောက်စေတယ်

အိမ်မွေးတိရိစ္ဆာန်မွေးထားတဲ့ အိမ်တွေမှာ အမွှေးပွကော်ဇော်တွေ၊ ကော်ဇော်အထူတွေခင်းထားရင် အနံ့ဆွဲပြီးနံပါတယ်။ အထူးသဖြင့် ခွေးနံ့၊ ကြောင်နံ့တွေက ပိုနံပါတယ်။ ဒီလိုအနံ့တွေပျောက်ဖို့ ကော်ဖီမှုန့်အကြမ်းက ကူညီပေးနိုင်ပါတယ်။ လုပ်ရမယ့်ပုံစံကတော့ နံနေတဲ့အခင်းကော်ဇော်ပေါ်မှာ ကော်ဖီမှုန့်အကြမ်းတွေ ဖြူးထားလိုက်ရုံပါပဲ။ တစ်ရက်လောက်ဖြူးထားပြီး နောက်နေ့ကျရင် သန့်စင်လိုက်ပါ။

ညစ်ပတ်နေတဲ့အိုးတွေကိုသန့်စင်ပေးနိုင်တယ်

တစ်ခါတစ်လေကျရင် အိုးတွေမှာကပ်နေတဲ့ဂျိုးတွေ၊ ညစ်ပတ်နေတာတွေက ဒီတိုင်းဆေးလို့မပြောင်ပါဘူး။ ဒီလိုတော်ရုံဆေးလို့မပြောင်တာတွေကို ကော်ဖီမှုန့်အကြမ်းနဲ့ ပွတ်တိုက်ပြီးဆေးပေးရင် အားလုံးပြောင်ပြီး သန့်စင်သွားစေပါတယ်။

ရှူးဖိနပ်အန့ံဆိုးတွေပျောက်စေတယ်

ရှူဖိနပ်တွေ တော်တော်များများက ခြေထောက်ချွေးထွက်တဲ့အနံ့တွေ၊ ခြေဆီနံ့တွေ နံနေတတ်ပါတယ်။ ဒီလိုအနံ့ဆိုးတွေပျောက်အောင် ကော်ဖီမှုန့်ကြမ်းကို ရှူးဖိနပ်ထဲ ဖြူးထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ အနံ့ဆိုးတွေကိုစုပ်ယူသွားပြီး အနံ့ဆိုးနံတာတွေ ပျောက်သွားစေပါတယ်။

Source:www.brightside.me