မဖြစ်နိုင်တော့ရင် မေ့ပစ်လိုက်တာ အကောင်းဆုံးပါ။ မမေ့နိုင်ရင် ကိုယ်ပဲပိုခံစားရမှာပါ။ ဒါကြောင့် လမ်းခွဲပြီးတဲ့ ရည်းစားဟောင်းကို မမေ့နိုင်လို့ သူ့အကြောင်းပဲတွေးနေမိတာကို ရပ်တန့်ပေးနိုင်မယ့် နည်းလမ်း ၆ မျိုးကို ပြောပြပေးလိုက်ပါတယ်။ ဒီထက်ပိုပြီးမခံစားချင်ရင်တော့ ဒီနည်းလမ်းတွေကို သုံးကြည့်ရမှာပါပဲ။

အသစ်တွေကိုလုပ်ကြည့်ပါ

အသစ်တွေကိုလုပ်ကြည့်တာက စိတ်ပြေလက်ပျောက်ဖြစ်စေပါတယ်။ ကိုယ်လုပ်နေရင်းနဲ့ စိတ်ဝင်စားရင် ဒီထဲကို စိတ်ရောက်နေမှာဖြစ်လို့ တခြားအကြောင်းအရာတွေ မတွေးမိတော့ပါဘူး။ ဒီတော့ ရည်းစားဟောင်းအကြောင်း တွေးနေတာလည်း တစ်ဖြေးဖြေးနဲ့လျော့သွားမှာပါ။

Workout လုပ်ပါ

Workout လုပ်တာက ကိုယ်ရောစိတ်ပါ အရမ်းကို relax ဖြစ်စေပါတယ်။ စိတ်ပေါ့သွားစေပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာမှာ အားနေရင် ရည်းစားဟောင်းအကြောင်းကို ထိုင်တွေးပြီး ဝမ်းနည်းနေမှာပါပဲ။ ဒါကြောင့် ဒီလိုအားတဲ့အချိန်မှာ အတွေးတွေမများအောင် workout ကို အစားထိုးလုပ်လိုက်ပါ။

ခရီးသွားပါ

ခရီးသွားပေးခြင်းက စိတ်သစ်လူသစ်ဖြစ်စေပါတယ်။ ကိုယ့်စိတ်ကိုလည်း သေချာကုစားပေးနိုင်ပါတယ်။ ရည်းစားဟောင်းကို မေ့နိုင်ဖို့အတွက်လည်း အကူအညီဖြစ်စေပါတယ်။

ဝါသနာအသစ်တွေရှာဖွေကြည့်ပါ

ဝါသနာအသစ်တွေကို ရှာဖွေပြီး လုပ်ကြည့်မယ်ဆိုရင်တော့ စိတ်သက်သာရာရမှာပါ။ ထိုင်တွေးနေဖို့ အချိန်လည်း မရှိတော့တဲ့အတွက် ရည်းစားဟောင်းအကြောင်းလည်း တွေးနေမိတော့မှာ မဟုတ်ပါဘူး။

Ex ကို မုန်းရမယ့်အကြောင်းတွေထိုင်ရေးပါ

ကိုယ့် Ex ကို မုန်းရမယ့်အကြောင်းတွေ၊ ကိုယ့်အပေါ်လုပ်ခဲ့တာတွေ၊ နာစရာတွေကို ထိုင်ရေးနေပါ။ ဒီလိုလုပ်ရတာက စိတ်ထွက်ပေါက်တစ်ခုပါပဲ။ စိတ်ပေါ့သွားစေပါတယ်။ နာစရာတွေကိုပဲတွေးပြီး ချရေးလိုက်ပါ။ ကြာလာရင် စိတ်နာပြီး ပြန်တွဲချင်တော့မှာမဟုတ်ပါဘူး။ အမြန်ဆုံးမေ့နိုင်လာပါလိမ့်မယ်။

တစ်ယောက်ထဲနေတဲ့အချိန်နည်းပါစေ

တစ်ယောက်ထဲနေရင် ပုံမှန်ထက်ပိုပြီး အတွေးတွေများပါတယ်။ လျှောက်တွေးနေတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်ထဲမနေပါနဲ့။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အမြဲတမ်းတွေ့ပြီး လျှောက်သွားပါ။ ပျော်ပါးပါ။ ဒီလိုလုပ်နေရရင် စိတ်ကပျော်နေပြီး ရည်းစားဟောင်းအကြောင်းလည်း တွေးမိတော့မှာမဟုတ်ပါဘူး။