အခုလို COVID-19 ကာလမှာ လက်ခဏခဏဆေးဖို့လိုအပ်တဲ့အတွက် ပုံမှန်ထက်အသားအရေ ခြောက်သွေ့ လာတာမျိုးဖြစ်တတ်ပါတယ်။ အစိုဓာတ်ထိန်းခရင်တွေလိမ်းပေမယ့်လည်း အရေပြားအတွင်းပိုင်းအထိ လုံလုံလောက်လောက် ပျော်ဝင်မှုမရှိတဲ့အခါမျိုးမှာ သင့်အသားအရေကပြန်မကောင်းနိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အစိုဓာတ်ထိန်းခရင်ကို သွားလေရာသယ်စရာမလိုဘဲ လက်အသားအရေ ခြောက်သွေ့တာကို သက်သာစေနိုင်တဲ့ အိမ်တွင်းနည်းလမ်း (၆) မျိုးအကြောင်းကိုမျှဝေပေးချင်ပါတယ်။

၁။ Oats နဲ့ နေကြာဆီ ရောပြီး လက်ကိုလိမ်းပေးပါ။

နေကြာဆီနဲ့ Oats က ခြောက်သွေ့တဲ့အသားအရေနဲ့အရေးအကြောင်းဖြစ်ခြင်းတွေကို ကာကွယ်ပေးတဲ့အပြင် အစိုဓာတ်ကိုလည်းထိန်းပေးနိုင်ပါတယ်။ Oats ကို နေကြာဆီအနည်းငယ်နဲ့အတူထည့်မွှေလိုက်ပြီးတော့ သင့်လက်ပေါ်ကိုလိမ်းပေးရမှာပါ။ ဒီနေရာမှာ ကိုယ်နှစ်သက်ရာဆီကို မသုံးမိအောင်သတိထားရပါမယ်။ ဥပမာအနေနဲ့ သံလွင်ဆီပြောင်းသုံးမယ်ဆိုရင် သင့်ရဲ့ခြောက်သွေ့နေတဲ့လက်အသားအရေကို ပိုဆိုးစေနိုင်ပါတယ်။

၂။ အက်ကွဲနေတဲ့အသားအရေပေါ်မှာ Glue အနည်းငယ်သုံးနိုင်ပါတယ်။

ဒီနည်းလမ်းက အန္တရာယ်ရှိပုံပေါ်ပေမယ့် အရေပြားပညာရှင်တွေကိုယ်တိုင် ကြီးကြီးမားမားမဟုတ်တဲ့ အပေါ်ယံအက်ကွဲမှုတွေအတွက် အသုံးပြုနိုင်ကြောင်းကိုအကြံပေးထားတာပါ။ အက်ကွဲနေတဲ့အရေပြားကို သေချာသန့်စင်ပြီး Glue ပမာဏအနည်းငယ်လိမ်းပေးတာက ခြောက်သွေ့မှုတွေ နောက်ထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခဏခဏလိမ်းတာနဲ့ ပမာဏများများသုံးတာမျိုးကိုတော့ ရှောင်ရပါမယ်။

၃။ ပျားရည်လိမ်းပေးပါ။

နယူးဇီလန်နိုင်ငံကထွက်တဲ့ Manuka ပျားရည်လိုမျိုးဆေးဖက်ဝင်တဲ့ပျားရည်တွေဟာ ဘက်တီးရီးယားပိုး တွေကိုသေစေနိုင်တဲ့အပြင် Antioxident လည်းပြည့်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ခြောက်သွေ့နေတဲ့ အသားအရေကို ပျားရည်လိမ်းပေးမယ်ဆိုရင် ဆဲလ်သေတွေကိုဖယ်ရှားပေးပြီးတော့ အသားအရေကိုပြန်လည်နုပျိုလာစေဖို့ အထောက်အကူပြုပါလိမ့်မယ်။

၄။ Petroleum Jelly လိမ်းပြီး လက်အိပ်စွပ်အိပ်ပါ

Vaseline လိုမျိုး Petroleum Jelly ပါဝင်တဲ့ပစ္စည်းတွေက အသားအရေအစိုဓာတ်ပြန်ရအောင်လုပ်ပေးတဲ့နေရာ မှာဆရာတစ်ဆူပါပဲ။ အိပ်ခါနီးမှာ သင့်ရဲ့ခြောက်သွေ့နေတဲ့ လက်အရေပြားပေါ်ကို Vaseline လိမ်းပြီး ချည်သားလက်အိတ်လေးစွပ်အိပ်ပေးပါ။ လက်အိပ်စွပ်ပြီးအိပ်တာက လိမ်းထားတဲ့ Vaseline တွေ အိပ်ရာပေါ် မပေတော့ဘဲ လက်အရေပြားကိုစိမ့်ဝင်သွားစေပါလိမ့်မယ်။

၅။ ထောပတ်သီး Hand Mask လေးလုပ်ကြည့်ပါ

ထောပတ်သီးဟာ အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်တဲ့အပြင် ဗီတာမင်နဲ့သတ္တုဓာတ်တွေလည်း များစွာပါဝင်ပါတယ်။ ထောပတ်သီးအမှည့်တစ်ခြမ်းကို အုန်းဆီ စားပွဲတင်ဇွန်း- ၁ ဇွန်း၊ ညုစ်ပြီးသား သံပယိုသီး စားပွဲတင်ဇွန်း- ၁ ဇွန်းတို့နဲ့ရောပြီး သင့်ရဲ့ခြောက်သွေ့တဲ့လက်ပေါ်ကိုလိမ်းပေးပါ။ ၁၅ မိနစ်လောက်လိမ်းထားပြီးရင်တော့ ရေနွေးနွေးနဲ့ဆေးချပြီး လိုးရှင်းပြန်လိမ်းထားပေးဖို့လိုပါတယ်။

၆။ VitaminB3 ပါဝင်တဲ့ပစ္စည်းတွေကို အသုံးပြုပေးပါ။

အရေပြားပညာရှင်တွေက VitaminB3 ဟာ အသားအရေကိုအားဖြည့်ပေးတဲ့အပြင် ရေဓာတ်လည်းကြာကြာ ထိန်းပေးနိုင်တယ်လို့ပြောထားပါတယ်။ သင့်အနေနဲ့ VitaminB3 ပါဝင်တဲ့အစားအသောက်တွေကိုစားသုံးသင့် တဲ့အပြင် VitaminB3ပါဝင်တဲ့ Skincare ပစ္စည်းတွေကိုလည်း အသုံးပြုသင့်ပါတယ်။ VatiminB3 ပါဝင်တဲ့ ခရင်မ်တွေကိုသုံးပေးတာက ကြမ်းတမ်းနေတဲ့အသားအရေကို အချိန်တိုအတွင်းနူးညံ့ချောမွတ်လာစေမှာပါ။

Source: Brightside.me

By MyStyle Myanmar