လက်သည်းဖျက်ဆေးမပါပဲ လက်သည်းနီတွေကိုဖျက်လို့ရမယ့် နည်းလမ်း ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။ မိန်းကလေးတိုင်းအတွက် အသုံးဝင်စေမယ့် နည်းလမ်းကောင်းတွေ ဖြစ်မှာပါ။

သွားတိုက်ဆေး

အရင်ဆုံး လက်ကို ရေထဲမှာ ၁၀ မိနစ်လောက်စိမ်ထားပေးပါ။ ပြီးမှ လက်သည်းပေါ်ကို သွားတိုက်ဆေးတွေအုံထားပြီး သွားပွတ်တံနဲ့တိုက်ပေးပါ။ ပြီးရင်တော့ ရေပြန်ဆေးချလိုက်လို့ရပါပြီ။ ဒီနည်းလမ်းနဲ့ လက်သည်းနီတွေကို ဖျက်လို့ရပါတယ်။

လက်သည်းနီ

ဒီနည်းလမ်းကတော့ အရေးပေါ်အလွယ်ကူဆုံး နည်းလမ်းပါပဲ။ လက်သည်းနီကို ၂ ထပ်လောက်ထပ်ဆိုးပြီး ဂွမ်းနဲ့ဖိဆွဲလိုက်ပါ။ ဒါဆိုရင်တော့ အောက်မှာဆိုးထားတဲ့ လက်သည်းနီတွေက ပျော်ပြီးပါလာပါလိမ့်မယ်။ ခဏခဏတော့လုပ်ပေးဖို့လိုပါတယ်။

Hair Spray

လက်သည်းကို hair spray နဲ့ဖြန်းပြီး ခဏနေရင် သွားကြားထိုးတံလေးနဲ့ဖြစ်ဖြစ် လက်သည်းနီတွေကို ခွာလိုက်လို့ရပါတယ်။ ဒါဆိုရင်တော့ လက်သည်းနီတွေ အကုန်ပြောင်သွားမှာပါ။

သံပယိုရည်နဲ့ရှာလကာရည်

အရင်ဆုံး လက်ကို ရေကြက်သီးနွေးလေးနဲ့ စိမ်ပေးပါ။ ပြီးမှ သံပယိုရည်နဲ့ရှာလကာရည်ကို ဆတူရောပြီး ဂွမ်းနဲ့ယူကာ လက်သည်းနီတွေကို ဖျက်လို့ရပါတယ်။ လက်သည်းဖျက်ဆေးနဲ့ ဖျက်တာလောက်တော့ ပျက်တာမမြန်ပေမယ့် သေချာဖျက်ပေးရင် အကုန်ပြောင်ပါတယ်။

Hand sanitizer

Hand sanitizer တွေက အရက်ပြန်ကိုအခြေခံပြီး လုပ်ထားတာဖြစ်လို့ လက်သည်းနီဖျက်တဲ့နေရာမှာ သုံးလို့ရပါတယ်။ အရင်ဆုံး လက်ချောင်းတွေကို ရေကြက်သီးနွေးလေးနဲ့ စိမ်ပေးပါ။ ပြီးမှ hand sanitizer ကိုသုံးပြီး ဂွမ်းနဲ့ဖျက်ပေးပါ။

Alcohol

ထုံးစံံအတိုင်း လက်ချောင်းတွေကို ရေကြက်သီးနွေးနဲ့စိမ်ပြီးမှ alcohol ကိုသုံးပြီး ဂွမ်းနဲ့ပွတ်ပြီး ဖျက်ပေးပါ။ ဒီနည်းလမ်းက လက်သည်းဖျက်ဆေးကုန်နေရင် တော်တော်များများ လုပ်လေ့ရှိတဲ့ နည်းလမ်းပါပဲ။