တချို့ကျတော့ မျက်နှာက အသားမခြောက်ပေမယ့် body က အသားခြောက်တာမျိုး၊ အသားအရေမွဲခြောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို အသားခြောက်တဲ့ body မျိုးအတွက် အသားအရေစိုပြည်လာစေမယ့် နည်းလမ်း ၆ ခုကို မျှဝေပေးလိုက်ပါတယ်။
ရေနွေးနဲ့ရေမချိုးပါနဲ့
ရေနွေးနဲ့ရေချိုးရင် အသားပိုခြောက်စေတဲ့အတွက် ရေနွေးနဲ့ရေချိုးတာကို ရှောင်ရပါမယ်။ ရေအေးနဲ့ပဲချိုးပါ။
Mild ဖြစ်တဲ့ ဆပ်ပြာသုံးပါ
ဆပ်ပြာသုံးတဲ့အခါမှာ အနံ့အရမ်းပြင်းတာတွေ၊ အသားဖြူဆပ်ပြာဆိုတာတွေက အသားပိုခြောက်စေပါတယ်။ ဒါကြောင့် အသားခြောက်တဲ့သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာမျိုး၊ ဒါမှမဟုတ် mild ဖြစ်တဲ့ ဆပ်ပြာ ဥပမာ baby shower လေးတွေ သုံးပေးပါ။ ဆပ်ပြာခဲမသုံးပါနဲ့။ အရည်သုံးပါ။
ရေချိုးပြီးတာနဲ့ Lotion တန်းလိမ်းပါ
အသားခြောက်ရင် lotion လိမ်းဖို့ လုံးဝမပျင်းပါနဲ့ ရေချိုးပြီးတာနဲ့ ချက်ခငျ်း lotion တန်းလိမ်းပါ။ အသားထဲကို ပိုပြီးစိမ့်ဝင်လွယ်စေပါတယ်။ ညဘက်အိပ်ခါနီးရင် သန့်စင်ပြီး lotion ထပ်လိမ်းပါ။ Hydration ကောင်းကောင်းပေးနိုင်တဲ့ lotion မျိုးကိုသုံးပါ။ အသားအရမ်းခြောက်ရင် body butter သုံးပါ။
Lotion ထဲကို Oil ထည့်လိမ်းပါ
Lotion ထဲကို body oil တစ်ခုခု (သို့) jojoba oil, olive oil စတာတွေ ထည့်လိမ်းပေးရင် အသားအရေ သိသိသာသာ စိုပြည်ပြီး ကြည်လာစေပါတယ်။ နေ့ဘက်တွေမှာကျတော့ ချွေးထွက်ရင် အဆင်မပြေတဲ့အတွက် ညဘက်မှာလိမ်းပေးတာက ပိုအဆင်ပြေပါတယ်။
အသားခြောက်တဲ့သူတွေအတွက်ထုတ်ထားတဲ့ Scrub သုံးပါ
အသားခြောက်တယ်ဆိုပြီး scrub မသုံးပဲမနေပါနဲ့။ Scrub သုံးပေးမှ dead cells တွေကို ဖယ်ရှားပေးပြီး အသားအရေ ကြည်လင်လာစေမှာပါ။ Oatmeal scrub လိုမျိုး အသားခြောက်တဲ့သူတွေအတွက် သင့်တော်တဲ့ scrub မျိုးကို ရွေးသုံးပါ။ တစ်ပတ်တစ်ခါပဲ လုပ်ပေးပါ။
ရေများများသောက်ပါ
အသားခြောက်ရင် ရေသောက်မပျင်းပါနဲ့။ သူများထက်ပိုပြီး ရေများများသောက်ပေးပါ။ ရေနွေးကြမ်း၊ ရေခဲရေတွေ မသောက်ပဲ ရိုးရိုးရေကိုပဲ များများသောက်ပေးပါ။ ပိုက်ဆံမကုန်ပဲ အသားအရေစိုပြည်လာစေမယ့် နည်းလမ်းကောင်းပါပဲ။