ဝမ်းနည်းနေရင် စိတ်ရော၊ လူရောပင်ပန်းပါတယ်။ ဘာပဲဖြစ်ဖြစ် ဝမ်းနည်းစရာတွေရှိနေလည်း အားတင်းပြီး ပျော်အောင် နေရမှာပါပဲ။ ဒါကြောင့် ဝမ်းမနည်းအောင်နေနိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

အပြင်သွားပါ

အပြင်သွားရင် စိတ်ပြေလက်ပျောက်ဖြစ်ပါတယ်။ အပြင်သွားပြီး ကိုယ်လုပ်ချင်တာတွေလုပ်နေရရင် ဝမ်းနည်းစိတ်တွေလည်းမရှိပဲ ပျော်ရွှင်နေနိုင်ပါတယ်။

ချစ်တဲ့သူတွေနဲ့အချိန်ကုန်ဆုံးပါ

ချစ်တဲ့သူတွေနဲ့ အချိန်ကုန်ဆုံးရတာက စိတ်ကောလူပါပျော်ရွှင်စေပါတယ်။ ဒါကြောင့် ဝမ်းမနည်းအောင် ချစ်တဲ့သူတွေနဲ့ပဲ အချိန်ကုန်ဆုံးလိုက်ပါ။

ခွေးမွေးပါ

ခွေးမွေးတာ အရမ်းအဖော်ရပြီး စိတ်ပျော်ရွှင်ကြည်နူးရပါတယ်။ ဝမ်းနည်းအားငယ်နေချိန်မှာတောင် သူတို့လေးတွေရှိနေရင် ကိုယ့်အတွက် စိတ်ပျော်ရွှင်မှုဖြစ်စေပါတယ်။

အရသာရှိတာလေးတွေစားပါ

အရသာရှိတာတွေစားနေရရင် လူတိုင်းအတွက် ပျော်စရာကောင်းတာပါပဲ။ ဒါကြောင့် ဝမ်းနည်းရင်ပဲဖြစ်ဖြစ်၊ စိတ်ညစ်ရင်ပဲဖြစ်ဖြစ် အရသာရှိတာလေးတွေစားလိုက်ပါ။

စာအုပ်ဖတ်ပါ

ဝမ်းမနည်းအောင်နေနိုင်မယ့်နည်းလမ်းထဲမှာ စာအုပ်ဖတ်တာကတော့ မပါမဖြစ်ပါပဲနော်။ စာအုပ်ဖတ်တာက စိတ်တည်ငြိမ်စေတယ်။ ကိစ္စတစ်ခုဖြစ်လာရင်လည်း ခေါင်းအေးအေးထားပြီး စဉ်းစားတွေးခေါ်တတ်လာပါတယ်။

အိမ်မှုကိစ္စတွေလုပ်ပါ

အိမ်မှုကိစ္စတွေလုပ်နေရင် အာရုံစူးစိုက်မှုရှိနေတဲ့အတွက် ဝမ်းနည်းနေရမယ့်အချိန်မရှိပါဘူး။ ဒါကြောင့် အိမ်မှုကိစ္စလည်း လုပ်ပေးပါ။

Photo Source : www.freepik.com