လူတိုင်းရဲ့ မျက်နှာမှာ အမွှေးရေးရေးလေးတွေ ရှိတာက သဘာဝပါပဲ။ တချို့မိန်းကလေးတွေဆို နှုတ်ခမ်းပေါ်မှာအမွှေးတွေက ပိုထင်းနေတတ်ပါတယ်။ နေ့တိုင်းလိုလို အမွှေးနှုတ်နေရတဲ့ ဒုက္ခကို နှုတ်ခမ်းအမွှေး နက်သူတွေ သိမှာပါ။ ဒီစိတ်ညစ်စရာဖြစ်စဉ်ကို hirsutism လို့ခေါ်ပြီး ဟော်မုန်းမညီမျှမှုကြောင့် ဖြစ်လေ့ရှိပါတယ်။ Waxing, Laser နည်းတွေနဲ့ အမွှေးဖယ်နိုင်သလို သဘာဝနည်းလမ်းတွေနဲ့လည်း ကာကွယ်နိုင်ပါတယ်။ ဒီတော့ကြည့်လိုက်ရအောင်နော်-

၁။ Spearmint Tea

Spearmint Tea က အာရုံကြောစနစ်ကို တည်ငြိမ်စေသလို အနံ့မွှေးမွှေးလေးနဲ့ အရသာကောင်းတဲ့အပြင် သင့်သွေးထဲ စီးဆင်းနေတဲ့ Male Hormone ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အမွှေးပေါက်ရခြင်း အကြောင်းအရင်းကMale Hormone ကြောင့်ပါ။ တစ်နေ့မှာ Spearmint Tea နှစ်ခွက် သောက်သင့်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။

၂။ Lavender နဲ့ Tea Tree Oil

Essential Oil တွေကို အလှအပအတွက် သုံးခဲ့တာ ရာစုနှစ်တစ်ခုရှိပါပြီ။ Lavender နဲ့ Tea Tree Oil ကို သင့်မျက်နှာအမွှေးနေရာပေါ် လိမ်းပေးတာက အမွှေးပိုနည်းစေပါတယ်။

၃။ အဆီလျှော့ပါ

အသင့်စားအစားအသောက်တွေမှာ ပါဝင်တဲ့ Trans Fat အဆီတွေက သင့် ခန္ဓာကိုယ် Cholesterol ဓာတ်ကို တက်စေသလို နှလုံးရောဂါ ဖြစ်ဖို့ အခွင့်အရေးပိုများစေပါတယ်။ ဒါ့အပြင် အမွှေးပေါက်ဖို့ အားပေးတဲ့ အစားအသောက်တွေက အသင့်စား၊ အချိုတွေပါပဲ။ ဒါကြောင့် ရှောင်ပေးသင့်ပါတယ်။

၄။ လေ့ကျင့်ခန်းလုပ်ပါ

လှုပ်လှုပ်ရှားရှားနေတာက သင့်ခန္ဓာကိုယ် တစ်ကိုယ်လုံးစာ အတွက် အကျိုးသက်ရောက်မှုများစွာ ရှိပါတယ်။တစ်နေ့ အနည်းဆုံး မိနစ် ၃၀ လေ့ကျင့်ခန်း လုပ်ပေးတာက သင့်ကိုယ်လေးအချိန် မတက်စေသလို အမွှေးပေါက်တာကိုပါ သက်သာစေပါတယ်။ ဒါပေမဲ့ Testosterone Level မတက်စေမယ့် လေ့ကျင့်ခန်းမျိုးကိုတော့ မလုပ်သင့်ပါဘူး။ Cardio နဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်တဲ့ Weight မတာမျိုးကိုတော့ သတိထားသင့်ပါတယ်။

၅။ အပ်စိုက်ကုထုံး

အပ်စိုက်ကုထုံးက စိတ်ဖိစီးမှု လျော့ကျစေသလို မလိုတဲ့ အမွှေးတွေကိုပါ လျော့ပါးစေပါတယ်။ လေ့လာမှုတွေအရအပ်စိုက်ကုထုံး ပြုလုပ်ခြင်းက အမွှေးပါးစေတဲ့အပြင် Male Hormone ကိုပါ လျော့ကျစေတယ်လို့ ဆိုထားပါတယ်။

၆။ ရေများများသောက်ပါ

ရေသောက်တာက အလှအပအတွက် များစွာ အထောက်အကူ ပြုသလို အမွှေးများတာကိုပါ သက်သာစေပါတယ်။တစ်နေ့မှာ ရေ ၆ ခွက် ကနေ ၈ ခွက် သောက်ပေးတာက မျက်နှာ အမွှေးများတာကိုပါ သက်သာစေပါလိမ့်မယ်။

Source: Brightside.me

By MyStyle Myanmar