သင့်တစ်နေ့တာကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပရိုတင်း ပါဝင်မှု များတဲ့ အစားအသောက်နဲ့ စတင်သင့်ပါတယ်။ ပရိုတင်းက သင့်ကြွက်သားအတွက် လိုအပ်တဲ့ ခွန်အားနဲ့အတူ သင့်တစ်နေ့တာကို တက်ကြွနေဖို့ ကူညီပေးပါလိမ့်မယ်။ မနက်စာက တစ်နေ့တာရဲ့ အရေးအကြီးဆုံး အစားအသောက် ဖြစ်တာမို့ ကျန်းမာရေးနဲ့ ညီညွတ်သင့်ပါတယ်။ ဒီတော့ နည်းလမ်းကောင်းတွေကို ကြည့်လိုက်ရအောင်-

၁။ ကြက်ဥနဲ့ စတင်ပါ

ကြက်ဥမှာ ပရိုတင်း ပါဝင်တာမို့ သင့်ကို အဆာခံစေပါလ်ိမ့်မယ်။ သင့်မနက်စာကို ကြက်ဥ ပါအောင် စားပေးသင့်ပါတယ်။

၂။ အချိုရည် မသောက်ပါနဲ့

အချိုဓာတ် များတဲ့ အရည်တွေက ခဏတာ ပျော်ရွှင်မှုကို ပေးနိုင်ပေမယ့် ဝိတ်တက်စေနိုင်ပါတယ်။ အချိုများတဲ့ အရည်အစား အသီးဖျော်ရည်နဲ့ အစားထိုးသင့်ပါတယ်။

၃။ သံပယိုရည်သောက်ပါ

ဗိုက်ဖောင်းတာ မဖြစ်စေတဲ့ အပြင် အဆိပ်တွေကို ဖယ်ရှားပေးမယ့် သံပယိုရည်ကို မနက်ပိုင်းမှာ သောက်ပေးသင့်ပါတယ်။

၄။ အသီးအရွက်တွေကို ထည့်ပါ

ကြက်ဥကြော်ထဲ အသီးအရွက်တွေ ထပ်ထည့်နိုင်ပါတယ်။ အသီးအရွက် များများစားလေ ကျန်းမာရေးနဲ့ ညီညွတ်လေပါပဲ။

၅။ ကိုယ်စားတဲ့ အရွယ်အစားကို ထိန်းချုပ်ပါ

ဝိတ်ကျဖို့အတွက် မနက်စာ စားတဲ့အခါ Portion နဲ့ စားသင့်ပါတယ်။ သင်စားတဲ့ ခွက်က သေးလေလေ ကိုယ် အများကြီးစားရတယ်လို့ ထင်လေလေပါပဲ။

၆။ မနက်စာကို မစားဘဲ မနေပါနဲ့

သင်က မနက်စာ လုံးဝ မစားချင်ပါစေ မဖြစ်မနေ စားသင့်ပါတယ်။ ညဘက်က ဘာမှမစားခဲ့တာကို မနက်စာနဲ့ အားဖြည့်ပေးသင့်ပါတယ်။

Source: Allwomenstalk

by MyStyle Myanmar