လူတိုင်းက ဘဝမှာစိတ်ချမ်းသာစွာနဲ့ နေထိုင်ချင်ကြပါတယ်။ ဒီလိုနေထိုင်နိုင်ဖို့ဆိုတာလည်း ကိုယ်လုပ်ရပ်နဲ့ ကိုယ့်စိတ်အပေါ်မှာပဲ အပြည့်အဝမူတည်ပါတယ်။ ဒါကြောင့် ရိုးရှင်းပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝမျိုးရအောင် နေထိုင်နိုင်ဖို့အတွက် အထောက်အကူအများကြီးဖြစ်စေမယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

Negative တွေကို ဖယ်ထုတ်ပစ်လိုက်ပါ

မကောင်းတဲ့အတွေးတွေ၊ Negative ဆန်တဲ့အရာတွေကို ဖယ်ထုတ်ပစ်လိုက်ပါ။ ဘယ်အရာကိုမဆို Negative ဘက်ကတွေးနေရင်တော့ စိတ်ညစ်ရမယ်။ စိတ်ပင်ပန်းရပါမယ်။ စိတ်ချမ်းသာမှုကိုလိုချင်ရင်တော့ တတ်နိုင်သလောက် အရာရာကို အကောင်းဘက်ကမြင်တတ်အောင်၊ Positive ဆန်တဲ့ အတွေးမျိုးတွေးတတ်အောင် ကြိုးစားရပါမယ်။

စိတ်ရှည်သည်းခံပါ

တစ်ခုခုဆိုရင် ဒေါသထွက်ပြီး စိတ်မရှည်ဖြစ်တာ၊ ဘာကိုမှသည်းမခံနိုင်ဖြစ်တာတွေက ကိုယ့်ကိုယ်ကို နှိပ်စက်တာနဲ့တူတူပါပဲ။ ကိုယ်ပဲအရင်ဆုံး စိတ်ထိခိုက်ရတာ၊ စိတ်ပင်ပန်းရတာပါ။ ဒါကြောင့် ဘယ်အရာကိုမဆို စိတ်ရှည်သည်းခံရင် ကိုယ့်စိတ်လည်း အဆင်ပြေတယ်။ စိတ်ချမ်းသာမှုလည်း ရပါတယ်။

ကိုယ့်အတွက်မကောင်းတဲ့သူတွေကိုဖယ်ထုတ်ပါ

ကိုယ့်အတွက်မကောင်းတဲ့သူ၊ ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို မခင်တွယ်ပါနဲ့။ အနားမှဆက်မထားချင်ပါနဲ့။ ကိုယ့်ဘဝထဲက ဖယ်ထုတ်လိုက်ပါ။ ကိုယ့်အပေါ်တကယ်ချစ်ခင်ပြီး ကောင်းတဲ့သူတွေအနားမှာပဲနေတာက စိတ်ချမ်းသာပျော်ရွှင်ရပါတယ်။

အမြဲတမ်းကြင်နာတတ်တဲ့သူဖြစ်ပါစေ

ကိုယ့်ထက်နှိမ့်ကျတဲ့သူတွေ၊ အားနည်းတဲ့သူတွေကို ဖေးမကူညီပါ။ အမြဲတမ်းကြင်နာတတ်တဲ့သူဖြစ်အောင် ကြိုးစားပါ။ ကြင်နာတတ်တဲ့နှလုံးသားရှိခြင်းက အရမ်းကိုပီတိဖြစ်ပြီး ပျော်ရွှင်ရတယ်။ စိတ်ချမ်းသာရပါတယ်။

ကောင်းမှုကုသိုလ်တွေကိုနေ့တိုင်းလုပ်ပါ

နေ့တိုင်း ကောင်းတဲ့အရာတွေ၊ ကောင်းမှုကုသိုလ်တွေကို များများလုပ်ပေးပါ။ ဘုရားတရားများများလုပ်ပါ။ နည်းနည်းလေးပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်သလောက် ခဏခဏလှူဒါန်းနိုင်အောင် ကြိုးစားပါ။ ဒီလိုလုပ်တာတွေက ကိုယ့်အတွက် အရမ်းကောင်းသလို စိတ်ချမ်းသာမှု၊ စိတ်ပျော်ရွှင်အေးချမ်းမှု ရစေပါတယ်။

ကိုယ့်ကိုယ်ကိုချစ်ပါ၊ တန်ဖိုးထားပါ

ကိုယ်ရောက်နေတဲ့နေရာ၊ ကိုယ့်ဘဝကို အပြစ်မတင်ပါနဲ့၊ မကျေမနပ်မဖြစ်ပါနဲ့။ ကိုယ့်အခြေအနေကို လက်ခံပါ။ ကိုယ့်ကိုယ်ကိုချစ်ပြီး တန်ဖိုးထားပါ။ ဂရုစိုက်ပါ။ သူများဆီက ချစ်ခင်မှု၊ ဂရုစိုက်မှုကို မမျှော်လင့်ပါနဲ့။ အခြားသူဆီက မျှော်လင့်ရတဲ့အလုပ်က အရမ်းပင်ပန်းပါတယ်။ ပူလောင်ပါတယ်။

photo source: www.freepik.com