ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ သဘာဝအတိုင်း မေးရိုးထင်းထင်း၊ မျက်နှာသွယ်သွယ်လေးကို ရချင်တဲ့ပျိုမေတို့အတွက် ဒီတစ်ခေါက်မှာ မျက်နှာသွယ်စေဖို့ ကိုယ့်အိမ်မှာပဲအလွယ်တကူလုပ်နိုင်ပြီး အမှန်တကယ်ထိရောက်စေမယ့် နည်းလမ်းတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။

လည်ပင်း၊ လက်နဲ့ မျက်နှာမှာရှိတဲ့အရေပြားတွေက အခြားအစိတ်အပိုင်းတွေထက်ပိုပြီး အိုမင်းရင့်ရော်လွယ်တတ်ပါတယ်။ ဒါကြောင့် အသက်အရွယ်ရလာတဲ့အထိ ငယ်ရွယ်နုပျိုတဲ့ မျက်နှာအသားအရေကို လိုချင်တဲ့သူတွေအနေနဲ့ အရေပြားကျစ်လျစ်ပြီး အဆီပိုတွေမရှိအောင် ဂရုစိုက်ပြုပြင်ပေးဖို့လိုပါတယ်။ ဒီတော့ ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းတွေကိုကြည့်လိုက်ရအောင်နော်-

၁။ Gua Sha ကျောက်နဲ့မျက်နှာကိုနှိပ်နယ်ပေးပါ


Gua Sha ကျောက်တစ်ခုနဲ့အတူ တောင့်တင်းနေတဲ့ မျက်နှာကြွက်သားတွေကိုဖြေလျော့ပြီး နှိပ်နယ်ပေးခြင်းက အရေပြားသွေးလည်ပတ်မှုကောင်းပြီး အရေးအကြောင်းတွေကိုလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် Face Oil တစ်မျိုးလိမ်းပြီးနောက် Gua Sha ကို မျက်နှာအောက်ပိုင်းကနေအပေါ်ဘက် ဖြေးဖြေးချင်းဆွဲကာ ပုံမှန်နှိပ်နယ်ပေးပါ။ အရေပြားပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးတဲ့အပြင် မေးတစ်ဝိုက်အဆီပိုတွေကိုပါ ထိထိရောက်ရောက် ချေဖျက်ပေးပါလိမ့်မယ်။

၂။ ပါးစပ်ကြွက်သားတွေကိုလှုပ်ထားပေးပါ


ခန္ဓာကိုယ်ကျစ်လျစ်စေဖို့ လေ့ကျင့်ခန်းလုပ်သလို မျက်နှာကြွက်သားကျစ်လျစ်ဖို့အတွက်လည်း အလားတူပါပဲ။ ဒါကြောင့် သင့်ပါးစပ်ကိုအငြိမ်မနေဘဲ လေ့ကျင့်ခန်းလုပ်သလို လှုပ်ရှားနေပေးပါ။ ပုံထဲကအတိုင်း နှုတ်ခမ်းဆူတာ၊ ပါးစပ်ကို ‘O’ ပုံစံ ဟလိုက် စိလိုက်လုပ်ရတဲ့ အခြေခံလေ့ကျင့်ခန်းတွေပြုလုပ်နိုင်တဲ့အပြင် မကြာခဏပီကေဝါးပေးတာမျိုးလည်းလုပ်နိုင်ပါတယ်။

၃။ အရေးအကြောင်းပျောက်စေတဲ့ Face Yoga ပြုလုပ်ပေးပါ


ပုံမှာပြထားတဲ့အတိုင်း လက်ချောင်းထိပ်အချင်းချင်းထိထားပြီး လက်မနှစ်ဖက်နဲ့ နှာခေါင်းပိတ်ကာ ခေါင်းငုံ့ချပေးပါ။ ပြီးနောက် ပါးစပ်နဲ့အသက်ရှုပြီး ပြန်မထုတ်ဘဲ နေနိုင်သလောက် အသက်အောင့်ထားပေးရပါမယ်။ ခေါင်းပြန်မော့ပြီးနောက် ဖြေးဖြေးချင်းပြန်ရှုထုတ်လိုက်ပါ။ ဒီယောဂပုံစံက အသားအရေကိုပါကောင်းမွန်စေပြီး အရေးအကြောင်းကင်းစေပါတယ်။

၄။ Jade Roller အသုံးပြုပေးပါ


Jade Roller ကလည်း မျက်နှာဖောင်းခြင်းကိုလျှော့ချပြီး V Shape မျက်နှာလေးရဖို့ ကူညီပေးနိုင်ပါတယ်။ အရေပြားသွေးလည်ပတ်မှုလည်းကောင်းစေပြီး Skincare ပစ္စည်းတွေလိမ်းပြီးနောက် အသားထဲစိမ့်ဝင်အားကောင်းစေဖို့အတွက်ပါ
ကူညီပေးနိုင်တာကြောင့် သင့်အသားအရေကို အရေးအကြောင်းကင်းပြီး Glow နေစေမှာပါ။

၅။ မျက်နှာပင့်တင်ပေးတဲ့ နှိပ်နယ်မှုတွေပြုလုပ်ပေးသင့်ပါတယ်


မျက်နှာသစ်ပြီးနောက်မှာ Serum တစ်မျိုးလိမ်းပေးပြီး လက်အသန့်နဲ့ မျက်နှာအပေါ်ပင့်တင်ပေးရတဲ့ Massage တွေ ပြုလုပ်ပေးတာကလည်း သင့်ကိုမျက်နှာသွယ်သွယ်လေးရစေသလို ပါးရေတွန့်ခြင်းနဲ့ အရေပြားတွဲကျခြင်းတွေ မဖြစ်အောင် ကာကွယ်ပြီးသားလည်းဖြစ်စေပါတယ်။

၆။ Skincare ပစ္စည်းအချို့သုံးပြီး မျက်နှာကိုဂရုစိုက်ပေးပါ


Serum ၊ Cream နဲ့ Face Masks စတဲ့ Skincare တွေအသုံးပြုပေးတာကလည်း အသားအရောင် Glow စေတဲ့အပြင် မျက်နှာအသားအရေကိုပါနုပျိုတင်းရင်းလာစေပါတယ်။ ဥပမာ အိုမင်းရင့်ရော်မှုနဲ့ အရေးအကြောင်းတွေ လျှော့ချပေးနိုင်တဲ့ Vitamin A ပါဝင်တဲ့ပစ္စည်းတွေကိုအသုံးပြုပေးသင့်ပါတယ်။

Source: brightside.me