တစ်ခါတစ်ရံ ဝက်ခြံထွက်နေတဲ့အချိန် မျက်နှာကို ခဏခဏကိုင်မိတာ၊ ဝက်ခြံဖုညှစ်မိတာတွေကြောင့် မျက်နှာမှာ အနီကွက်၊ ဝက်ခြံအမာရွတ်နဲ့ အမဲစက်တွေ ကျန်နေခဲ့တတ်ပါတယ်။ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေက ဖယ်ရှားဖို့အနည်းငယ်ခက်ခဲနိုင်ပေမယ့် သဘာဝပစ္စည်းတွေသုံးပြီး ဖြေးဖြေးချင်း အရောင်မှိန်လာအောင် ပြုလုပ်လို့ရပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ဝက်ခြံအမာရွတ်ပျောက်ဖို့ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ သဘာဝအိမ်တွင်းထိန်းသိမ်းနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဈေးသက်သာပြီး အလွယ်တကူရနိုင်တဲ့ပစ္စည်းတွေသာပါဝင်တာကြောင့် အမာရွတ်ရှိတဲ့သူတွေ စမ်းလုပ်ကြည့်ဖို့မမေ့ပါနဲ့နော်။

၁။ ဆန်မှုန့် Scrub


ဆန်မှုန်၊ ဒိန် (Curd) နဲ့ နနွင်းမှုန့်အနည်းငယ်တို့ကို ရောမွှေပေးပါ။ ရလာတဲ့ Scrub အနှစ်အနည်းငယ်ကို မျက်နှာပေါ်က အမာရွတ်နေရာတွေမှာ စက်ဝိုင်းပုံဖြေးဖြေးချင်းပွတ်လိမ်းပေးရပါမယ်။ ငါးမိနစ်လောက်ထားပြီးနောက် ရေနဲ့ဆေးချလိုက်ပါ။ ဒီ သဘာ၀ Scrub နည်းကို မျက်နှာမှာ ဝက်ခြံနဲ့ အခြားနီမြန်းဒဏ်ရာတွေမရှိတဲ့အချိန်မျိုးမှသာ ပြုလုပ်ပေးသင့်ပါတယ်။

၂။ သံပယိုရည်

သံပယိုရည်မှာပါတဲ့ Antioxidant တွေက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အမာရွတ်နဲ့အမဲစက်တွေကို အရောင်မှိန်လာစေပါတယ်။ ပြုလုပ်ရမှာကတော့ အမာရွတ်ပေါ်ကို သံပယိုရည်နဲ့ ပျားရည် ဒါမှမဟုတ် ရှားစောင်းလက်ပတ်အနည်းကို ရောပေးပါ။ ပြီးနောက် ဝါကွမ်းနဲ့အနည်းငယ်ယူပြီး အမာရွတ်ပေါ်လိမ်းပေးရုံပါပဲ။ မိနစ်အနည်းငယ်ထားပြီးနောက် ရေနဲ့ပြန်ပွတ်ဆေးပေးရပါမယ်။ သံပယိုသီးမှာပါတဲ့ Acid ဓာတ်က မကြာခဏ ထိတွေ့မိတဲ့အခါ အသားပါးပြီး နီမြန်းတာတွေဖြစ်တတ်တာကြောင့် ဒီနည်းလမ်းကို နှစ်ပတ် တစ်ခါလောက်သာ အသုံးပြုပေးသင့်ပါတယ်။ အသုံးပြုပြီးနောက် နေရောင်နဲ့တိုက်ရိုက်ထိတွေ့ခြင်းကိုလည်းရှောင်ပေးပါ။

၃။ ရှားစောင်းလက်ပတ် Gel


ရှားစောင်းလက်ပတ်မှာ အမာရွတ်အရွယ်အစားသေးစေပြီး အရေပြားရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပတ် Gel တစ်မျိုးကို အမာရွတ်ရှိတဲ့နေရာတွေမှာ နေ့စဉ်လိမ်းပေးပါ။ Vitmin E အဆီနဲ့လည်း ရောလိမ်းပေးနိုင်ပါတယ်။ ဒီနည်းကို နှစ်ပတ်လောက်အချိန်ယူပြီး ပုံမှန်လိမ်းကြည့်ပေးပါ။

၄။ Tea Tree Oil

Tea Tree Oil ကလည်း အမာရွတ်အရာတွေကိုအရောင်မှိန်ပြီးသက်သာစေတဲ့သဘာဝအဆီတစ်မျိုးပါပဲ။ အသုံးပြုရမှာကတော့ Tea Tree Oil နှစ်စက် (သို့) သုံးစက်ကို ဗာဒံဆီ ဒါမှမဟုတ် အုန်းဆီတို့နဲ့ရောပြီး အမာရွတ်နေရာတွေကို လိမ်းပေးရမှာပါ။ သူ့ကိုလည်း သိသာတဲ့ရလဒ်အတွက် နှစ်ပတ်လောက်ပုံမှန်လိမ်းပေးဖို့လိုပါတယ်။

၅။ ပျားရည်


ပျားရည်က အရေပြားအစိုဓာတ်ပေးနိုင်တဲ့အပြင် သူ့မှာ အပူလောင်ခြင်းနဲ့အခြားဒဏ်ရာတွေကိုပါ သက်သာစေတဲ့အာနိသင်တွေပါဝင်ပါတယ်။ ဒါကြောင့် ပျားရည်အနည်းငယ်ကို အမာရွတ်ပေါ် အနည်းငယ်လိ မ်းပေးပါ။ ပျက်စီးနေတဲ့အသားအရေကိုသက်သာစေပြီး အရေပြားတွင်း ဘက်တီးရီးယားဝင်ရောက်မှုမရှိအောင် သန့်စင်ပေးနိုင်တာကြောင့် ဝက်ခြံတွေကိုကာကွယ်ပြီးသားဖြစ်စေမှာပါ။

၆။ သင်္ဘောသီးအနှစ်၊ ခရမ်းချဉ်သီးနဲ့ သခွားသီး


သင်္ဘောသီးအနှစ်ကို ကြိတ်ထားတဲ့ သခွားသီး၊ ခရမ်းချဉ်သီးတို့နဲ့ ရောမွှေပေးပါ။ ရလာတဲ့ Scrub ကို သင့်မျက်နှာအမာရွတ်တွေပေါ် လိမ်းပေးပြီး မိနစ်သုံးဆယ်လောက်အကြာမှာ ရေနဲ့ပြန်လည်ဆေးချပေးနိုင်ပါတယ်။ ဒီနည်းလမ်းက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး သင့်အသားအရေကိုဝင်းလက်လာစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar