Glow Skin ပိုင်ဆိုင်ထားသူတွေ အဖို့တော့ မိတ်ကပ်လိမ်းတဲ့အချိန် ထွေထွေထူးထူး ကြိုးစားစရာမလိုတော့ပါဘူး။ Natural Makeup Look ကို လှလှလေး လိမ်းနိုင်တဲ့ မိန်းကလေးအများစုရဲ့ အသားအရေက ချောမွေ့ပြီး Glow Skin ဖြစ်နေတတ်ပါတယ်။ အိပ်ချိန်ကို ပုံမှန်ထားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေစားကာ အသားအရေ ပုံမှန်ဂရုစိုက်မယ်ဆိုရင် Glow Skin ကို ပိုင်ဆိုင်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အချိန်တိုတိုနဲ့ ထိထိရောက်ရောက် Glow Skin ကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ မနက်ပိုင်းမှာ ရေနွေးနွေးလေး နေ့တိုင်းသောက်ပါ

ရေနွေးက သင့်ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ပြယ်စေပါတယ်။ ဒါ့အပြင် ရေနွေးက သွေးတွင်း အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပြီး အသားအရေကို ပိုတောက်ပစေပါတယ်။

၂။ နွားနို့အစိမ်းနဲ့ မျက်နှာကို ပုံမှန်နှိပ်နယ်ပေးပါ

Photo Source: The Indian Nation

နွားနို့စိမ်းမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်တွေက ချေးချွတ်ဆေး အပျော့အနေနဲ့ စွမ်းဆောင်နိုင်ပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးကာ အသားအရေကို စိုပြေစေပါတယ်။ နွားနို့က အသားအရေအရောင်ကို ညီညာစေကာ စိုပြေစေပါတယ်။

၃။ မိနစ် ၂၀ ဝန်းကျင် လမ်းလျှောက်ပေးပါ

Photo source: Tenor

လမ်းပုံမှန် လျှောက်ပေးတာက ခန္ဓာကိုယ်အတွက် ကောင်းတဲ့အပြင် အသားအရေအတွက်ပါ ကောင်းပါတယ်။ လမ်းလျှောက်တာက ဝက်ခြံဖြစ်တာ၊ အမည်းစက်ပေါ်တာနဲ့ တခြား အရေပြား ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် အသားအရေ စိုပြေလာဖို့ တစ်နေ့မှာ မိနစ် ၂၀ ပုံမှန် လမ်းလျှောက်ပေးရပါမယ်။

၄။ မျက်နှာကို ကုလားပဲမှုန့်သုံးပြီး နေ့စဉ် သန့်စင်ပေးပါ

Photo Source: DIZNR INTERNATIONAL

Gram Flour လို့ခေါ်တဲ့ ကုလားပဲမှုန့်က မျက်နှာပေါ်က အဆီကို စုပ်ယူပေးပြီး အသားအရေကို သန့်ရှင်းသွားစေပါတယ်။ ဒီအမှုန့်က အသားအရေ အမျိုးအစားတိုင်းနဲ့ အဆင်ပြေပါတယ်။ မျက်နှာကို ရေနဲ့ သစ်ပြီးနောက် ကုလားပဲမှုန့်နဲ့ မျက်နှာကို ငြင်သာစွာ ပွတ်ပေးရပါမယ်။ အသားခြောက်တတ်တဲ့ ပျိုမေတို့အနေနဲ့တော့ နွားနို့နဲ့ တွဲသုံးပေးသင့်ပါတယ်။

၅။ Citrus Fruit အသီးတစ်မျိုးကို တစ်ပတ် ပုံမှန်စားပေးပါ

တစ်နေ့တာမှာ Citrus အသီးတွေ ဖြစ်တဲ့ လိမ္မော်သီး၊ သံပယိုသီး၊ ဂရိတ်ဖရုသီးစတဲ့ အသီးတွေကို တစ်နေ့ တစ်လုံး ပုံမှန်စားပေးသင့်ပါတယ်။ Citrus အသီးတွေမှာပါတဲ့ ဗီတာမင်စီက အသားအရေကို တောက်ပစေပါတယ်။ အရေးအကြောင်းနဲ့ အသက်အရွယ်ရလာတဲ့အချိန် ဖြစ်တတ်တဲ့ အစက်အပျောက်တွေကိုပါ သက်သာစေပါလိမ့်မယ်။

၆။ မအိပ်ခင် ရှားစောင်းလတ်ပတ်ဂျယ်နဲ့ နှိပ်နယ်ပေးပါ

Photo source: Wings Daily News

ရှားစောင်းလတ်ပတ်ဂျယ်က မျက်နှာကို အစိုဓာတ်ပြည့်စေပါတယ်။ ဒါ့အပြင် အသားအရေကို အရင်ထက် ချောမွေ့လာစေပါလိမ့်မယ်။ ညအိပ်ရာဝင်ခါနီးတိုင်း ရှားစောင်းလတ်ပတ်ဂျယ်ကို သုံးကာ ပုံမှန်နှိပ်နယ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar