Single တစ်ယောက်ဖြစ်ရတာ အထီးကျန်ဆန်ပြီး ပျော်စရာမကောင်းဘူးလို့ ထင်တဲ့သူတွေရှိပါတယ်။ တကယ်တမ်းတော့ Single ဖြစ်ရတာ ဘယ်လောက်တောင် ပျော်စရာကောင်းလဲဆိုတာ ချစ်သူရည်းစားရဲ့ အချုပ်ချယ်ခံရတဲ့ သူတွေ ကောင်းကောင်းကြီးနားလည်ပါတယ်။

Single ဖြစ်ရခြင်းရဲ့ ကောင်းကျိုးတွေက ဘာတွေဖြစ်မလဲ၊ ပျော်ရွှင်စရာကောင်းတဲ့ Single ဘဝကို ဘယ်လိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလို့ရမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ မိမိကိုယ်ကို ရှာဖွေပါ

မိမိ ဝါသနာပါတဲ့ အရာက ဘာတွေဖြစ်မလဲဆိုတာကို စူးစမ်းရှာဖွေပါ။ သင်လက်ထပ်ပြီးတဲ့နောက်မှာ အခုလိုစိတ်လွတ်ကိုယ်လွတ်နေလို့ရမှာ မဟုတ်တော့တဲ့အတွက် ကိုယ်ဝါသနာပါတဲ့ အရာတွေကို စူးစမ်းရှာဖွေရင်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။

၂။ သူငယ်ချင်းတွေနဲ့ လျှောက်လည်ပါ

Photo Source: www.trazeetravel.com

သူငယ်ချင်းတွေနဲ့ လျှောက်လည်ပါ။ ဖြစ်နိုင်ရင် ပျော်ပျော်ပါးပါးခရီးလေး ဘာလေးထွက်ပါ။ ငယ်ရွယ်နုပျိုပြီး ပျော်စရာကောင်းတဲ့ အချိန်က သင့်ဆီနောက်တစ်ခေါက် ရောက်လာမှာ မဟုတ်ပါဘူး။

၃။ လွတ်လပ်မှုရဲ့အရသာကို အပြည့်အဝခံစားပါ

Photo Source: imareelchick.com

အနာဂတ်မှာ ကြုံတွေ့ရမဲ့ အခက်အခဲတွေကို စိုးရိမ်ပူပန်မနေပါနဲ့။ လက်ရှိအချိန်မှာပဲ ပျော်ရွှင်စွာနေပါ။ မတော်တဆ ချစ်သူရသွားခဲ့ရင် သင့်ကို ဟိုမသွားနဲ့ ဒီမသွားနဲ့ ဆိုပြီး ချုပ်ချယ်ပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်ဝါသနာပါတာကို ကိုယ့်စိတ်ကြိုက်လုပ်ပါ။ သင်ဝါသနာပါတာက ဟင်းချက်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ပုံဆွဲခြင်း၊ ကခြင်း၊ ရေကူးခြင်း စတာတွေကို ပြုလုပ်ပေးပါ။

၄။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

Photo Source: www.momjunction.com

အားကစားပြုလုပ်ခြင်း၊ အစားအသောက်မျှတအောင် စားသုံးခြင်း၊ အဆီအဆိမ်ရှောင်ကြဉ်ခြင်းဖြင့် မိမိခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာမှ ကိုယ်နှစ်သက်ရာကို ပြုလုပ်နိုင်မှာပါ။

၅။ မိသားစုကို အချိန်ပေးပါ

Photo Source: properparentingguides.com

ကိုယ့်အမေအဖေ မောင်နှမသားချင်းနဲ့ ပျော်စရာကောင်းတဲ့အချိန်လေးကို အတူကုန်ဆုံးပေးပါ။ သင်လက်ထပ်ပြီးတဲ့အခါ တာဝန်ဝတ္တရားတွေ ရှိလာမှာဖြစ်တဲ့အတွက် မိသားစုကို တတ်နိုင်သမျှအချိန်ပေးပါ။ ပိတ်ရက်တွေမှာ မိသားစုနဲ့ ရုပ်ရှင်အတူတူသွားကြည့်တာပဲဖြစ်ဖြစ်၊ ခရီးတိုထွက်တာပဲဖြစ်ဖြစ် ပြုလုပ်ပေးပါ။

၆။ မိတ်ဆွေသူငယ်ချင်း အသစ်တွေ ရှာဖွေပါ

မိတ်ဆွေသူငယ်ချင်းသစ်တွေရှာဖွေပြီး ပေါင်းသင်းဆက်ဆံခြင်းက သင့်အတွက် အကျိုးယုတ်စေမှာ မဟုတ်ပါဘူး။