သင်က အသီးအရွက်တွေ စားကျင့်မရှိဘူးဆိုရင်တော့ ကြိုက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အသီးအရွက်များများစားပေးတာက အရွယ်တင် နုပျိုစေတာ ကိုတော့ သင်သိပြီးဖြစ်မှာပါ။ အလုပ်တစ်ခုက လုပ်တာများတဲ့အခါ အကျင့်ဖြစ်သွားတတ်ပါတယ်။ သင်က ဟင်းသီးဟင်းရွက်များများစားတတ်တဲ့ အကျင့်တစ်ခုပျိုးထောင်ချင်ရင်တော့ ဒီလိုလုပ်နိုင်ပါတယ်။

၁။ မနက်စာထဲ ဟင်းသီးဟင်းရွက်ထည့်ကြည့်ပါ


သင်က မနက်စာကို ပုံမှန်ထမင်းကြော်စားတတ်တယ်ဆိုရင် ထမင်းကြော်ထဲ အသီးအရွက်တွေထည့်ကြော်ကြည့်ပါ။ မနက်ပိုင်း မှာ အသီးအနှံတွေပါ တွဲစားကြည့်သင့်ပါတယ်။

၂။ အသီးအရွက်စွပ်ပြုတ် ပြုတ်ကြည့်ပါ


သင်က ကြက်သားစွပ်ပြုတ်ကြိုက်တယ်ဆိုရင် ဒီစွပ်ပြုတ်ထဲ ကိုယ်စားချင်တဲ့ အသီးအရွက်တွေ မျိုးစုံထည့်ကြည့်ပါ။ စွပ်ပြုတ်က အသီးအရွက်တွေ ကြိုက်သလောက်ထည့်နိုင်မယ့် ဟင်းခွက်တစ်မျိုးပါ။

၃။ သရေစာအနေနဲ့ အစားထိုးကြည့်ပါ


အချိုပါတဲ့ မုန့်တွေအစား ကန်စွန်းဥပြုတ်ကို အစားထိုးပြီး စားကြည့်သင့်ပါတယ်။ မြေပဲထောပတ်၊ သခွားသီး၊ မုန်လာဥနီစတာတွေကို အရသာရှိအောင် ပြင်ဆင်ပြီး သရေစာအနေနဲ့ စားနိုင်ပါတယ်။

၄။ ဆလပ်ရွက်၊ မုန်ညင်းရွက်ထဲ ညှပ်စားပါ


ကိုးရီးယားဇာတ်လမ်းတွေမှာ ဆလပ်ရွက်ထဲ အသားတွေ ထည့်ပြီး တစ်လုတ်ထဲ စားတာကို သင် မြင်ဖူးမှာပါ။ သင်ကိုယ်တိုင်လည်း ဆလပ်ရွက်၊ မုန်ညင်းရွက်တွေဝယ်ပြီး ဒီလိုလုပ်စားနိုင်ပါတယ်။

၅။ အကြော်တွေအဖြစ်ပြောင်းလဲကြည့်ပါ


အသီးအရွက်တွေကို ကျွတ် ကျွတ်လေးကြော်စားတာပါ။ ကန်စွန်းဥကြော်၊ ကြက်သွန်ကြော်စသဖြင့် ကြော်စားနိုင်ပါတယ်။

၆။ ကိုယ်ကြိုက်တဲ့အသီးအရွက်တွေစာရင်း ပြုစုပါ


သင်က အသီးအရွက်မစားဘူးဆိုရင်တောင် သင်အရသာတွေ့တဲ့ အသီးအနှံတွေ ရှိဦးမှာပါ။ ဒါတွေကို စာရင်းပြုစုပြီး သင်အဆင်ပြေတဲ့ အချိန် ထွက်ဝယ်နိုင်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar