နွေရာသီဆိုရင် ရာသီဥတုပူတော့ ချွေးတွေထွက်ပြီး မိတ်ကပ်သားက ကြာရှည်မခံတော့ဘူး။ လိမ်းထားရင် အဆီတွေပြန်၊ ချွေးတွေထွက်ပြီး မိတ်ကပ်တွေကွက်ပြီး ပျက်ကုန်တာမျိုး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် နွေရာသီမှာ မိတ်ကပ်လိမ်းသား ကြာရှည်ခံစေမယ့်နည်းလမ်းကောင်းတွေကို ပြောပြပေးလိုက်ပါတယ်။

Toner နဲ့ Moisturizer လိမ်းပါ

Toner နဲ့ Moisturizer လိမ်းတဲ့အဆင့်ကို လုံးဝကျော်မသွားပါနဲ့။ အောက်ခံအသားအရေကောင်းနေဖို့က အရေးကြီးပါတယ်။

Sunscreen လိမ်းပါ

နွေရာသီမှာ Sunscreen လိမ်းဖို့က အရမ်းအရေးကြီးတဲ့အတွက် ဒီအဆင့်ကိုလည်း ကျော်သွားလို့မရပါဘူး။

Primer လိမ်းပါ

မိတ်ကပ်သားကြာရှည်ခံချင်ရင် Primer အဆင့်ကိုကျော်သွားလို့မရပါဘူး။ လိမ်းပေးရပါမယ်။

မိတ်ကပ်ကိုလက်နဲ့မလိမ်းပါနဲ့

အပေါ်ကအဆင့်တွေ အားလုံးလိမ်းပြီးသွားရင် မိတ်ကပ်လိမ်းလို့ရပါပြီ။ မိတ်ကပ်လိမ်းတဲ့အခါမှာ လက်နဲ့လိမ်းရင် မိတ်ကပ်သားမညီတော့ ခဏလေးနဲ့ကွက်ကုန်ပါလိမ့်မယ်။ ချွေးထွက်ပြီးအဆီပြန်ရင် မိတ်ကပ်တွေပျက်ကုန်တာ ပိုမြန်ပါတယ်။ ဒါကြောင့် Makeup Sponge, Makeup Brush စတာတွေနဲ့ လိမ်းပေးပါ။

Setting Powder (သို့) Powder Puff သုံးပါ

မိတ်ကပ်လိမ်းပြီးရင် Setting Powder (သို့) Powder Puff ကို လိမ်းပေးဖို့လိုပါတယ်။ ဒါမှ မိတ်ကပ်သားပိုခံမှာပါ။ Glow Look လေးတွေကြိုက်တဲ့သူတွေကတော့ Setting Powder (သို့) Powder Puff မလိမ်းချင်ရင် Waterproof မိတ်ကပ်တွေလိမ်းတာက ပိုအဆင်ပြေပါလိမ့်မယ်။ မဟုတ်ရင် ချွေးထွက်တာနဲ့ အဆီပြန်ပြီး မိတ်ကပ်ကွက်တာ၊ ပျက်တာတွေ ဖြစ်တတ်ပါတယ်။

Setting Spray သုံးပါ

မိတ်ကပ်သားကြွပြီး ပိုလှစေဖို့၊ ကြာရှည်ခံစေဖို့ Setting Spray ကိုလည်း ဖြန်းပေးပါ။

Photo Source: www.freepik.com