တချို့ကောင်မလေးတွေ ထွေထွေထူးထူးအလှမပြင်ထားဘဲ သဘာဝအတိုင်းလှနေတာမျိုးမြင်ရင် အားကျတာမျိုးဖြစ်ဖူးမှာပါ။ ဒီလိုမျိုး ဘဘာဝအတိုင်းလှနေဖို့အတွက် အခုပြောပြမယ့်အချက်တွေကိုသာ သေချာဂရုစိုက်ပေးနိုင်ရင် ရပါတယ်။

ဆံပင်ကို ဂရုစိုက်ပါ

ဆံပင်ကလည်း အလှအပရေးရာမှာ အဓိကအခန်းကဏ္ဍကနေ ပါတဲ့အပြင် သင့်ရဲ့ မျက်နှာအသွင်အပြင်ကိုလည်း ပြောင်းလဲနိုင်တာကြောင့် ကိုယ့်ဆံသားနဲ့ကိုက်ညီတဲ့ ခေါင်းလျှော်ရည် Conditioner နဲ့ Hair Mask များ ပုံမှန်သုံးပေးပါ။

Natural Skin Care သုံးပါ

သဘာဝအလှကုန်တွေက ပြင်းလွန်းတဲ့ Chemical တွေမပါတာကြောင့် အခုနောက်ပိုင်း လူကြိုက်များလာပါတယ်။ ဒါ့အပြင် သဘာဝပစ္စည်းတွေက အသားယားတာ ၊ ခြောက်တာတို့ကနေ ကင်းဝေးစေပါတယ်။

Healthy Foods များစားပါ

ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့အစားအစာကနေ အသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်နဲ့ ဗီတာမင်တွေအားလုံးကို ရနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်စီးဆင်းမှုကို တိုးစေပြီး အရေပြားအတွက် လိုအပ်တဲ့ အာဟာရများကို ဖြည့်ဆည်းပေးပြီး နုပျိုလန်းဆန်းနေစေတဲ့အပြင် ခန္ဓာကိုယ်က ချွေးပုတ်တွေထွက်တဲ့အခါ အသားအရေကို ကြည်လင်လာစေပါတယ်။

ကိုယ့်အတွက် အချိန်ယူပါ

ကိုယ့်အတွက်အချိန်ယူတာက မရှိမဖြစ် လိုအပ်တဲ့အရာပါ။ အပန်းဖြေအနားယူတာက ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေတဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။ စိတ်အေးလက်အေး အနားယူတဲ့အခါ ကော်လာဂျင် ထုတ်လုပ်မှုကို မြှင့်တင်ပေးတဲ့ ဟော်မုန်းတွေ ထုတ်ပေးတာကြောင့် အသက်ပိုရှည်ပြီး အရေးအကြောင်းတွေကို လျော့ပါးစေပါတယ်။

လုံလုံလောက်လောက် အနားယူပါ

အိပ်တာက ခန္ဓာကိုယ်ကို တစ်နေ့တာလုံး ခံနိုင်ရည်ရှိတဲ့ စိတ်ဖိစီးမှုတွေကနေ ပြန်လည်ကောင်းမွန်စေပြီး ဆဲလ်တွေကို ပြန်လည်ရှင်သန်လာစေပါတယ်။ အိပ်ရေးဝတဲ့အခါ အသားအရေက ရေဓာတ်ကောင်းကောင်းရပြီး ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ညမှာ အနည်းဆုံး ရှစ်နာရီထိ အိပ်နိုင်အောင် ကြိုးစားပါ။