မိတ်ကပ်လိမ်းတဲ့အခါမှာ မိတ်ကပ်သားက Cakey ဖြစ်နေရင် လုံးဝမလှပါဘူး။ ကြည့်ရအရမ်းဆိုးပါတယ်။ ဒါကြောင့် မိတ်ကပ်လိမ်းတဲ့အခါမှာ Cakey မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Foundation shade သေချာရွေးပါ

မိတ်ကပ်လိမ်းတော့မယ်ဆိုရင် ကိုယ်သုံးမယ့် Foundation က အရေးကြီးပါတယ်။ ကိုယ့်အသားအရောင်နဲ့ သေချာကိုက်ညီမယ့် shade ကို ရွေးသုံးပေးရပါမယ်။ Foundation ဝယ်တဲ့အခါမှာ သေချာစမ်းပြီးမှဝယ်ချင်ရင်တော့ jawline မှာ စမ်းကြည့်ပါ။ ဒါဆို လိုက်မလိုက် သေချာသိရပါတယ်။

Skin Type

နောက်ထပ်အရေးကြီးတာကတော့ Foundation ဝယ်တော့မယ်ဆိုရင် ကိုယ့် skin type နဲ့ ကိုက်ညီတဲ့ foundation ကို သေချာရွေးဝယ်ပါ။ ကိုယ်က oily skin ဆိုရင် matte foundation မျိုးကို ရွေးဝယ်ပါ။ အသားခြောက်တဲ့ dry skin ကျတော့ matte foundation သာသုံးမိရင် makeup cakey ဖြစ်ပြီး ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် dry skin ဆိုရင် hydrating foundation မျိုး dewy finish ရတာမျိုးကို ရွေးဝယ်ပါ။

Scrub လုပ်ဖို့မမေ့ပါနဲ့

မျက်နှာကို တစ်ပတ်တစ်ခါ ပုံမှန် scrub လုပ်ပေးမှသာ ဆဲလ်သေတွေဖယ်ရှားပြီး အသားအရေက ချောမွေ့ပြီး ကြည်လင်နေမှာပါ။ ဒါမှလည်း မိတ်ကပ်လိမ်းတဲ့အခါမှာ cakey မဖြစ်ပဲ မိတ်ကပ်သားညက်ညက်လေးနဲ့ လှနေမှာပါ။ Scrub ပုံမှန်မလုပ်ရင် အသားအရေက မွဲညစ်ပြီး မိတ်ကပ်လိမ်းရင်လည်း မလှပါဘူး။

Moisturizer

Moisturizer မလိမ်းရင် မိတ်ကပ်လိမ်းတဲ့အခါမှာ cakey ဖြစ်ပါတယ်။ ဘယ်လိုအသားအရေမျိုးပဲဖြစ်ဖြစ် moisturizer ကို တစ်နေ့နှစ်ကြိမ် သုံးရပါမယ်။ မိတ်ကပ်လိမ်းမယ်ဆိုရင်လည်း moisturizer လိမ်းပေးဖို့လိုပါတယ်။

Primer လိမ်းဖို့မမေ့ပါနဲ့

မိတ်ကပ်လိမ်းတဲ့အခါမှာ primer မလိမ်းရင် အချိန်ကြာတဲ့အခါ လိမ်းထားတဲ့မိတ်ကပ်က မဲသွားတာမျိုး၊ မိတ်ကပ်သားညက်ညက်လေးမဖြစ်ပဲ cakey ဖြစ်နေတာမျိုး၊ မိတ်ကပ်သားကြာရှည်မခံတာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ကပ်လိမ်းမယ်ဆိုရင် အောက်ကနေ primer ခံလိမ်းပေးဖို့လည်း မမေ့ပါနဲ့။

Foundation ကို လက်နဲ့မလိမ်းပါနဲ့

တော်တော်များများက foundation လိမ်းပြီဆိုရင် ပြီးစလွယ် လက်နဲ့ပဲ အမြန်လိမ်းတတ်ကြပါတယ်။ ဒီလို လက်နဲ့လိမ်းတာက လုံးဝမိတ်ကပ်မညီပါဘူး။ မိတ်ကပ်သားလည်း မလှပါဘူး။ မိတ်ကပ်ရွေ့တာ၊ ကွက်တာ၊ ထူထူကြီးနဲ့ cakey ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် foundation လိမ်းမယ်ဆိုရင် makeup sponge ကို ရေနည်းနည်းစွတ်ပြီးလိမ်းတာမျိုး ဒါမှမဟုတ် makeup brush နဲ့လိမ်းတာမျိုး လုပ်ပေးပါ။

source:www.blushin.com