မိန်းကလေးတွေရဲ့မှန်တင်ခုံနဲ့ ရေချိုးခန်းထဲမှာဆို အလှကုန်ဘူးပေါင်း သောင်းခြောက်ထောင်နဲ့ ပြည့်နှက်နေတတ်ပါတယ်။ အမှန်တကယ်တော့ ဒီထုတ်ကုန်အမျိုးအစားမြောက်မြားစွာက ဈေးကွက်ချဲ့ထွင်နည်းတစ်မျိုးပါပဲ။

အလှကုန်ပစ္စည်းမျိုးစုံကို ဝယ်ယူခြင်းက ပိုက်ဆံဖြုန်းတီးရာကျတာကြောင့် အာနိသင်အမျိုးအစားတူတဲ့ပစ္စည်းများဆိုရင် အသစ်ထပ်မဝယ်ပါနဲ့တော့။

အကြောပြတ်ရာကို ပျောက်ကင်းစေနိုင်မယ့် လိုးရှင်းနဲ့ ခရင်မ်များ

အကြောပြတ်ရာတွေက မိန်းကလေးတွေအတွက် စိတ်ညစ်ရတဲ့အရာဖြစ်တာကြောင့် အလှကုန်လိုးရှင်းအမျိုးမျိုး ဝယ်လိမ်းကြတာပေါ့။ အမှန်တကယ်တော့ ဘယ်လိုးရှင်းကမှ ခန္ဓာကိုယ်ပေါ်က အကြောပြတ်ရာတွေကို မဖယ်ရှားပေးနိုင်ပါဘူး။ ရေဓာတ်လုံလောက်စွာ ဖြည့်တင်းပေးရင်ဘဲ လုံလောက်ပါပြီ။

နှုတ်ခမ်းကြေးချွတ်ပေးတဲ့ Lip Scrubs

အလှကုန်ပစ္စည်းထုတ်လုပ်သူတွေကတော့ သူတို့အလှကုန်ပစ္စည်းဝယ်သုံးမယ်ဆိုရင်တော့ နှုတ်ခမ်းလေးက ဘယ်သို့ဘယ်ပုံ နူးညံ့နေမှာ၊ ပြည့်ပြည့်ဖူးဖူးလေးဖြစ်နေမှာဆိုပြီး မက်လုံးတွေပေးပါလိမ့်မယ်။ နှုတ်ခမ်းသားလေးတွေက နူးညံ့လှတာကြောင့် မကြာခဏကြေးချွတ်နေမယ်ဆိုရင် နှုတ်ခမ်းထိခိုက်ဒဏ်ရာရပြီး ဆရာဝန်နဲ့ သွားပြနေရပါလိမ့်မယ်။

မျက်လုံးခရင်မ်

အနံ့မပါတဲ့ ခရင်မ်အသုံးပြုရင် လုံလောက်နေပြီမို့လို့ မျက်လုံးခရင်မ်သီးသန့်သုံးနေစရာမလိုတော့ပါဘူး။

အာနိသင်တူတဲ့ ခရင်အမျိုးအစားများ

ဘီဘီခရင်မ်၊ စီစီခရင်မ်နဲ့ ဒီဒီခရင်မ်တို့က မျက်နှာအသားအရေချောမွေ့ဖို့၊ အမဲစက်များကို ဖျောက်ပေးနိုင်တဲ့ ဖောင်ဒေးရှင်းတွေဖြစ်တာကြောင့်မို့လို့ မိမိနဲ့သင့်လျော်မယ့် အမျိုးအစားတစ်ခုကိုပဲ ရွေးချယ်ဝယ်ယူရင် လုံလောက်ပါတယ်။

အရေးအကြောင်းကာကွယ်ပေးတဲ့ ခရင်မ်

သင့်ရဲ့အရေးအကြောင်းတွေကို ဖယ်ရှားပေးတဲ့ ခရင်မ်ဆိုတာ မရှိပါဘူး။ ဝယ်သုံးလည်း အပိုပဲမို့လို့ ရေဓာတ်ဖြည့်ပေးတဲ့ခရင်မ်ပဲ ပုံမှန်လိမ်းပေးပါ။

အာနိသင်နှစ်မျိုးပါတဲ့ ခေါင်းလျှော်ရည်များ

အာနိသင်နှစ်မျိုးပါဝင်တဲ့ ခေါင်းလျှော်ရည်ဟာလည်း သာမန်ခေါင်းလျှော်ရည်နဲ့အတူတူပဲမို့လို့ ခေါင်းလျှော်ရည်သပ်သပ် Conditioner သပ်သပ် အသုံးပြုပါ။

Source: Brightside.me