အားလုံးပဲမင်္ဂလာပါနော်။ ဆံပင်အရှည်မြန်လာအောင် ကိုယ်တိုင်ထိန်းသိမ်းရတာက ထင်သလောက် မလွယ်ကူပါဘူး။ တစ်ခါတစ်ရံမှာ ဘယ်လောက်ပဲထိန်းသိမ်းပြုပြင်ပါစေ လုံးဝမထိရောက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် အကုန်အကျလည်းနည်းပြီး ဆံသားအမှန်တကယ်အရှည်မြန်လာစေမယ့် လူအများစုသတိမထားမိသေးတဲ့ နည်းလမ်းလေးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ သင်ကိုယ်တိုင်မသိသေးတဲ့နည်းတွေပါလာမလား စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

၁။ ခေါင်းလျှော်ရည်ထဲ ဆားခါးအနည်းငယ်ထည့်လျှော်ပါ


ဆံပင်သန်ဖို့အတွက် ဦးရေပြားကျန်းမာရေးကလည်း အရေးကြီးပါတယ်။ အပင်တွေအတွက်အသုံးများတဲ့ Epsom Salt လို့ခေါ်တဲ့ ပင်ဆားခါးအနည်းငယ်ကို ခေါင်းလျှော်ရည်နဲ့ရောလျှော်ပေးတာက သင့်ဦးရေပြားကို မဂ္ဂနီဆီယမ်ဓာတ်ရစေပြီး ဆံပင်သန်လာဖို့ကူညီပေးနိုင်မှာပါ။

၂။ အပြင်သွားတဲ့အခါ ဦးထုပ်ဆောင်းပေးပါ


အကာအကွယ်မပါဘဲ နေပူထဲထွက်တာက သင့်အသားအရေတင်မကဘဲ ဆံသားကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ ခဏခဏနေပူခံတာများလာတဲ့အခါ ဆံပင်အရောင်မွဲပြီး ဦးရေပြားနဲ့ဆံသားအတွင်း ပရိုတင်းဓာတ်လျော့နည်းလာတာ၊ ဆံပင်ပါးလာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆံပင်သန်ချင်သူတွေအနေနဲ့ နေရောင်နဲ့တိုက်ရိုက်ထိတွေ့တာမျိုးကိုရှောင်ပြီး အပြင်သွားတိုင်း ထီး၊ ဦးထုပ်ဆောင်းပေးသင့်ပါတယ်။

၃။ ဆံပင်ကို သဘာဝအတိုင်းအခြောက်ခံပါ


Dryer အမြဲသုံးတာက ဆံသားကိုအားလျော့စေပြီး ဆံပင်ပိုကျွတ်စေပါတယ်။ သူ့ရဲ့အပူက ဆံသားအစိုဓာတ်ကိုလည်းဆုံးရှုံးစေတာကြောင့် ခြောက်သွေ့ပြီး ဆံသားအရှည်နှေးလာတတ်ပါတယ်။ ဒါကြောင့် ဆံပင်အရှည်မြန်ဖို့ Dryer နဲ့အခြားအပူများတဲ့ ဆံပင်ပုံသွင်းပစ္စည်းတွေမကြာခဏသုံးခြင်းကို ရှောင်ပေးဖို့လိုပါတယ်။

၄။ ချည်သားခေါင်းအုပ်စွပ်တွေမသုံးပါနဲ့


ချည်သားခေါင်းအုံးစွပ်အစား ပိုးသားအိအိလေးတွေအသုံးပြုပေးပါ။ ဒါက ဆံသားရှုပ်ထွေးခြင်း မဖြစ်အောင်ကာကွယ်ပေးရာရောက်သလို သဘာဝအစိုဓာတ်တွေ လျော့မသွားစေဖို့လည်း ထိန်းထားပေးနိုင်ပါလိမ့်မယ်။

၅။ ခေါင်းကိုအောက်လှဲချတာ၊ ဆီနဲ့နှိပ်နယ်ပေးတာမျိုးပြုလုပ်ပေးပါ

ပုံမှာပြထားသလို ဆိုင်မှာခေါင်းလျှော်တဲ့အနေအထားနဲ့ လှဲအိပ်ပြီး ခေါင်းကိုအောက်လှန်ချပေးတာက သင့်ဦးရေပြားကို သွေးလည်ပတ်မှုကောင်းစေတာကြောင့် ဆံပင်ရှည်မြန်စေဖို့ လှုံဆော်ပေးရာရောက်စေမှာပါ။ ဒီလိုမိနစ်အနည်းငယ်နေပြီးနောက်မှာ သင့်ဆံသားကို Essential Oil တစ်မျိုးလိမ်းပြီး ဦးရေပြားတစ်ဝိုက် နှိပ်နယ်ပေးလိုက်ပါ။ အရှည်မြန်ပြီးသန်စွမ်းတဲ့ဆံသားကိုအချိန်တိုအတွင်းရရှိစေပါလိမ့်မယ်။

၆။ အိပ်ရာမဝင်ခင် ခေါင်းဖြီးပေးပါ


အိပ်ရာမဝင်ခင် ဆံပင်ရှင်းပြီးခေါင်းဖြီးပေးတာကလည်း ဆံသားကျန်းမာရေးကိုထောက်ပံ့ပေးနိုင်ပြီး ဦးရေပြားနဲ့ဆံသားကို အစိုဓာတ်နဲ့ သဘာဝအဆီဓာတ်တွေအညီအမျှရစေတာကြောင့် ဆံသားခြောက်သွေ့မှုမရှိအောင်ထိန်းပေးထားသလိုဖြစ်စေမှာပါ။

Source: brightside.me