ကြွက်သားတက်ချင်ပေမယ့် အလေးမတာမျိုးတွေ၊ ပင်ပန်းတာတွေ မလုပ်နိုင်ဘူးဆိုတဲ့သူတွေအတွက် ကြွက်သားတက်ဖို့ အိမ်မှာလုပ်နိုင်တဲ့ Under-rated Exercise 6 မျိုးကို မျှဝေပေးလိုက်ပါတယ်။

Skipping

Skipping ကြိုးခုန်ပေးခြင်းက ဝိတ်ကျပြီး ကိုယ်ရည်စစ်စေပါတယ်။ ဒါ့အပြင် ကြွက်သားလည်းတက်လာစေတဲ့ Exercise တစ်ခုဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအတွက်ဆိုလည်း Stress တွေလျော့ကျစေပြီး ဒေါသတွေ၊ စိတ်ခံစားချက်တွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။

Dumb-bell chest fly

 

Weight တုံးနှစ်တုံးလောက်ဝယ်ထားပြီး ဒီ Exercise ကို လုပ်ကြည့်ပါ။ ကြွက်သားတက်ချင်တဲ့သူတွေအတွက် မဖြစ်မနေလုပ်ပေးရမယ့် Exercise ဖြစ်ပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးပါ။ အကြိမ် 30 လောက်တော့ လုပ်ပေးပါ။

Burpees

Burpees Exercise က ကြည့်ရင်သာ လွယ်မယ်လို့ထင်ရပေမယ့် တကယ်တမ်းလုပ်ရင် ခက်ပါတယ်။ ဒါပေမယ့် သေချာကြိုးစားပြီး လုပ်ကြည့်ပါ။ Burpees Exercise ကိုသာ သေချာလုပ်နိုင်ရင် လက်၊ ခြေထောက်၊ ဗိုက်နဲ့ နောက်ကျောက မလိုအပ်တဲ့အဆီတွေကျပြီး ကြွက်သားပိုတက်လာစေပါတယ်။

Push-ups

အဆီကျ ဗိုက်ချပ်ချင်ရင်ပဲဖြစ်ဖြစ်၊ ကြွက်သားတက်ချင်ရင်ပဲဖြစ်ဖြစ် Push-ups လုပ်ပါ။ လုပ်နိုင်ရင်လုပ်နိုင်သလောက် သိသာတဲ့ Result ကို ရစေပါတယ်။ ဒါကြောင့်မပါမဖြစ်တဲ့ Exercise တစ်ခုပါပဲ။

Sumo squats

ပေါင်အတွင်းပိုင်းကြွက်သားတွေအတွက် အရမ်းအထောက်အကူပြုတဲ့ Exercise ကတော့ Sumo squats ပဲဖြစ်ပါတယ်။ တင်ထွက်ချင်တဲ့သူတွေလည်း လုပ်သင့်တဲ့ Exercise ပါ။ ပုံမှာလုပ်ပြထားတဲ့အတိုင်း အနည်းဆုံး အကြိမ် 30 လုပ်ပေးရပါမယ်။

Frog jumps

ပုံမှာလုပ်ပြထားတဲ့အတိုင်း အဆင့်ဆင့်လုပ်ပေးပါ။ စစချင်းလုပ်တဲ့အခါမှာတော့ နှေးမှာဖြစ်ပေမယ့် လုပ်ရင်းနဲ့သွက်လာပါလိမ့်မယ်။ အကြိမ်ရေများများလေးသာ လုပ်ပေးပါ။ အနည်းဆုံး အကြိမ် 30 လုပ်ပေးရင် ရပါတယ်။