သင့်ဘဝ ပျော်ရွှင်ဖို့ အတွက် အကောင်းမြင်စိတ်ရှိသူ၊ သင့်ကို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးသူတွေနဲ့ ဝန်းရံသင့်ပါတယ်။ အခုဖော်ပြထားတဲ့ လူ အမျိုးအစားတွေကတော့ သင်ကြုံဖူးခဲ့တဲ့ ပုံစံမျိုးတွေပဲ ဖြစ်ပါတယ်။ ဒီလိုလူတွေ တွေ့ရင်တော့ သင့်အနေနဲ့ သတိထားပြီး ပေါင်းသင်းသင့်ပါတယ်။ ဘယ်လိုလူမျိုးက အဆိပ်အတောက်နဲ့ တူလဲ ကြည့်လိုက်ရအောင်နော်-

၁။ အတ္တသမား

သူ့တို့အတွက်ပဲ သူတို့ သိသူတွေပါ။ တခြားလူတွေ ဘယ်လိုပဲ ဖြစ်နေနေ ဂရုမစိုက်ပါဘူး။ ကိုယ်ချင်းစာစိတ် မရှိဘဲ သူတို့ကသာ အတော်ဆုံးလို့ ကိုယ့်ကိုကိုယ် သတ်မှတ်ထားသူတွေပါ။

၂။ ထိန်းချုပ်ရေးသမား

ထိန်းချုပ်သူတွေက သူတို့အနားမှာရှိတဲ့ အရာအားလုံးကို ထိန်းချုပ်ဖို့ ကြိုးစားတတ်ကြပါတယ်။ ကိစ္စတိုင်းကို သူတို့ပဲ ဆုံးဖြတ်မယ်။ သူတို့ပဲ လုပ်မယ်ဆိုတဲ့ သူတွေပါ။ သင်က သူတို့နဲ့ ပေါင်းမိတယ်ဆိုရင် သင့်အတွက် ဆုံးဖြတ်ခွင့် ဘာအခွင့်အရေးမှ မရ ဖြစ်တတ်ပါတယ်။

၃။ ဒရာမာသမား

ဒရာမာ ချိုးသူတွေ ဖြစ်ပြီး အတင်းအဖျင်းပြောရတာကို နှစ်သက်ကြပါတယ်။ သူတို့ပဲ ဒုက္ခရောက်နေတဲ့ ပုံစံမျိုး ပြုမူတတ်ကြပါတယ်။ ဒီဒုက္ခတွေက သူတို့ကိုယ်တိုင်ပဲ ဖန်တီးတာပါ။ သင့်ကိုလည်း ဒရာမာ သမားတွေက အဆင်မပြေတဲ့ ကျင်းထဲ ကျပ်ထဲ ဆွဲခေါ်တတ်ပါတယ်။

၄။ စွမ်းအင် စုပ်ယူသူ

သူတို့က သင့်မှာရှိတဲ့ ခွန်အား စွမ်းအင်တွေကို စုပ်ယူတတ်ကြပါတယ်။ သင့်ကို အရှုံးပေးချင်စိတ်တွေ ပေါ်ပေါက်စေပါတယ်။ ပြဿနာ ဖန်တီးတတ်ပြီး အဆိုးမြင်စိတ် များသူတွေ ဖြစ်ပါတယ်။ သင့်ကိုလည်း ဝေဖန်တတ်သူ၊ ကဲ့ရဲ့ တတ်သူတွေ ဖြစ်ပါတယ်။

၅။ လူလိမ်

ဒီထဲ ပြောထားတဲ့ လူလိမ်ဆိုတာက ပိုက်ဆံတွေ၊ ငွေတွေ လိမ်ယူသွားတာမျိုး မဟုတ်ပါဘူး။ သူတို့က အဖြူရောင် မုသားကို သုံးပြီးတော့ လူတွေကို စိတ်ဒုက္ခရောက်အောင် လုပ်တာပါ။ သင့်စိတ် သင့်ခံယူချက်ကို အခြေအနေ ဆိုးရွားအောင် လိမ်တတ်သူတွေ ဖြစ်ပါတယ်။

၆။ မနာလိုသူ

သူတို့တွေကတော့ တခြားသူရဲ့ အောင်မြင်မှုအတွက် မပျော်နိုင်ကြပါဘူး။ တစ်ယောက်ယောက် သူတို့ထက် သာသွားတာနဲ့ မနာလိုစိတ် ကြီးစိုးပြီး အကောင်းမမြင်နိုင်သူတွေ ဖြစ်ပါတယ်။

သင့်အနေနဲ့ ဖော်ပြပါ လူ (၆) မျိုးကို တွေ့ရင်တော့ သတိထားပြီး ပေါင်းသင်းသင့်ကြောင်း အကြံပေးပါရစေ။ သင်ကိုယ်တိုင်လည်း ဒီ (၆) မျိုးထဲ မပါနေဖို့ အရေးကြီးပါတယ်။

Photo Source: Pinterest

By MyStyle Myanmar