သင့်အနေနဲ့ လက်တွဲဖော်ရွေးတဲ့အချိန် ဘယ်လိုစံတွေနဲ့ ရွေးချယ်လေ့ရှိလဲ။ တချို့တွေက ကြည့်ကောင်းပေမယ့် အဆိပ်ပင်နဲ့ တူတဲ့ယောကျာ်းမျိုးတွေ ရှိပါတယ်။ သင်က အဆိပ်နဲ့တူတဲ့ ယောကျာ်းပုံစံတွေကို သိတဲ့အချိန် Mr.Right ကိုရွေးချယ်တဲ့အခါ ပိုအဆင်ပြေစေမှာပါ။ အောက်မှာပြောထားတဲ့အမျိုးအစားတွေကတော့ သင်လုံးဝရှောင့်ရှားသင့်သူတွေပါ-

၁။ အရက်သမား


အရက်ဘီယာ ခဏခဏ သောက်တတ်တဲ့ယောကျာ်းမျိုးပါ။ အရက်ဘီယာသောက်နေရရင် ပျော်နေတတ်ပြီး ဘဝမှာ ရည်မှန်းချက်လည်း အတိအကျမရှိတတ်ပါဘူး။ ဘယ်အရာကိုမှလည်း သိပ်အလေးမထားတတ်ပါဘူး။

၂။ ထိန်းချုပ်ရေးသမား


သူတို့လိုချင်တဲ့ ပုံစံကိုပဲ သိကြပါတယ်။ သင့်ကိုလည်း ဘာမလုပ်ရ၊ ညာမလုပ်ရ ခဏခဏ ထိန်းချုပ်တတ်ပါတယ်။

၃။ သင့်ကို အလေးမထားသူ


သူတို့ဘဝမှာ သူတို့ပြီးမှ သင်က ဒုတိယလာတတ်ပါတယ်။ သင့်အတွေး၊ သင့်ခံစားချက်တွေကို အလေးမထားပါဘူး။ သင့်ကို စိတ်ဓာတ်ကျအောင် လုပ်တတ်သူတွေပါ။

၄။ ရှောင်နေတတ်သူ


သင် Message ပို့ရင်၊ ဖုန်းခေါ်ရင် ကိုင်ချင်မှကိုင်ပါတယ်။ သင် Message ပို့ရင်လည်း Reply ကြာတတ်ပါတယ်။ သူလုပ်ချင်တာကိုပဲ လုပ်နေတတ်ပါတယ်။

၅။ တာဝန်ယူမှုမရှိသူ


သူက သင်နဲ့ ပတ်သက်ပြီး ရေရှည်စီမံကိန်း မရှိပါဘူး။ လက်ထပ်ဖို့အထိ စိတ်ကူးသူလည်းမဟုတ်ပါဘူး။ ရည်းစားထားတယ်ဆိုတဲ့စိတ်တစ်ခုပဲရှိပါတယ်။ ဒီလိုစိတ်ရှိသူတွေက သင်တစ်ခုခုဖြစ်ရင်လည်း သင့်ကို တာဝန်ယူပေးမှာမဟုတ်ပါဘူး။

၆။ စိတ်ကူးယဉ်မဆန်သူ


သင့်ကို ချစ်ကြောင်း အပြုအမူတွေနဲ့ မပြတတ်ပါဘူး။ ဘာ Surprise မှလည်း မလုပ်တတ်ပါဘူး။ ဆိုလိုရင်းကတော့ မရိုပါဘူး။ ချစ်သူစုံတွဲတွေမှာ ရင်ခုန်ရတဲ့ စိတ်လှုပ်ရှားရတဲ့အချိန်တစ်ခုတော့ရှိသင့်ပါတယ်။ မရှိရင်တော့ သူ့ကိုခေါက်လိုက်ပါတော့။

Photo Source: Pinterest

By MyStyle Myanmar