ဘဝမှာ ကောင်းမွန်တဲ့အပေါင်းအသင်း မိတ်ဆွေတွေ အများကြီးရှိသလို မပေါင်းသင်းအပ်တဲ့ မကောင်းတဲ့ သူတွေလည်း အများကြီးရှိပါတယ်။ ဒီလိုလူတွေနဲ့ အပေါင်းအသင်းဆက်လုပ်လို့ ကိုယ့်အတွက်ကောင်းလာတာ မရှိတဲ့အပြင် ဆုတ်ယုတ်လာတာပဲ ရှိပါလိမ့်မယ်။

ဒါကြောင့် သင့်ဘဝမှာ ဆက်ပြီးအပေါင်းအသင်းမလုပ်သင့်တဲ့ လူ (၆) မျိုးကို ရှောင်လို့ရအောင် ပြောပြပေးလိုက်ပါတယ်။

ဝေဖန်ကဲ့ရဲ့တတ်တဲ့သူ

Source: www.verywellfamily.com

ဝေဖန်ကဲ့ရဲ့တဲ့သူတွေဟာ ကိုယ့်ဘဝအတွက် တကယ်ကိုအဆိပ်အတောက် တစ်မျိုးပါပဲ။ သူတို့ကသာ ဘာရယ်မဟုတ်ဘူးဆိုပြီး ဝေဖန်ကဲ့ရဲ့လိုက်တာ၊ Body Shaming လုပ်လိုက်တာ ကိုယ့်မှာတော့ စိတ်ဒဏ်ရာရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် တစ်ချိန်လုံးလိုက်ပြီး ဝေဖန်ကဲ့ရဲ့တတ်တဲ့သူတွေ၊ Bosy Shaming လုပ်တတ်တဲ့သူတွေနဲ့ အပေါင်းအသင်းဆက်မလုပ်သင့်ပါဘူး။

မနာလိုစိတ်ရှိတဲ့သူ

Source: www.aconsciousrethink.com

သူတစ်ပါးကို မနာလိုဝန်တိုစိတ်ရှိတဲ့သူတွေဟာ အရမ်းကြောက်ဖို့ကောင်းပါတယ်။ မနာလိုစိတ်ပြင်းထန်လာရင် ဘာမှမမြင်တော့ပဲ ကိုယ့်ပါဒုက္ခရောက်အောင် ချောက်တွန်းတတ်ပါတယ်။ ဒါကြောင့် မနာလိုစိတ်ရှိတဲ့သူတွေကို ရှောင်ပါ။

တစ်ကိုယ်ကောင်းဆန်တဲ့သူ

Source: www.kilipic.pw.com

တစ်ကိုယ်ကောင်းဆန်တဲ့သူတွေဟာ သူတို့အတွက်ကောင်းမယ်ဆိုရင်၊ သူတို့လိုချင်တာရဖို့ဆိုရင် တစ်ဖက်လူဘာဖြစ်ဖြစ်လည်း ဂရုမစိုက်ပါဘူး။ ဒါကြောင့် ဒီလိုလူမျိုးနဲ့ အပေါင်းအသင်းလုပ်လို့ ကိုယ့်အတွက်ကောင်းလာတာ မရှိပါဘူး။

သစ္စာမရှိတဲ့သူ

Source: www.agl.com

ကိုယ့်အပေါ်မှာသစ္စာမရှိပဲ တစ်ဖက်လူကိုသွားပြီး ကုန်းချောတတ်တဲ့သူတွေ၊ နောက်ကျောကိုဓားနဲ့ထိုးတဲ့လူမျိုးတွေ၊ ကိုယ့်အပေါ်မှာ သစ္စာမရှိပဲ ကိုယ့်ရည်းစားကို လိုချင်နေတဲ့သူ၊ ကိုယ့်ရည်းစားနဲ့ ဖောက်ပြန်နေတဲ့သူတွေနဲ့ အပေါင်းအသင်းမလုပ်သင့်ပါဘူး။

အကူအညီလိုမှသတိရတတ်တဲ့သူ

Source: www.kilipic.pw.com

အပေါင်းအသင်းတွေထဲမှာ အမြဲရှိတတ်တယ်။ အကူအညီလိုမှ ကိုယ့်ဆီ အပြေးရောက်လာတဲ့သူတွေ။ ကျန်တဲ့အချိန်ဆို အဖတ်တောင်မလုပ်ပဲ သူတို့အကူအညီလိုမှ လာတောင်းတဲ့သူတွေ။ ဒီလိုလူတွေနဲ့လည်း ဝေးဝေးရှောင်ပါ။

စိတ်ပုပ်စိတ်ယုတ်ရှိတဲ့သူ

Source: www.coachingestructural.com

တချို့ကျတော့ အရှေ့မှာသာ ချစ်တွေ သဲတွေခေါ်ပြီး ကောင်းပြနေတာ၊ နောက်ကွယ်ကျရင် အတင်းတုပ်ပြီး မကောင်းစိတ်မွေးနေတာတွေ ရှိပါတယ်။ သူတော်ကောင်းယောင်ဆောင်နေတဲ့ သူတွေပေါ့။ ဒီလိုစိတ်ပုပ်စိတ်ယုတ်ရှိတဲ့သူတွေနဲ့လည်း အပေါင်းအသင်းမလုပ်သင့်ပါဘူး။