အားလုံးပဲ မင်္ဂလာပါ။ Gym ခန်းမသွားပြီး ခန္ဓာကိုယ်လှပအောင် ဆော့ကစားချင်ပေမယ့် အချိန်မပေးနိုင်ဖြစ်နေပါသလား။ ဒါမှမဟုတ် လေ့ကျင့်ခန်းတွေကို အချိန်အကြာကြီး ဆော့ကစားရလို့ အမောမခံနိုင်ဖြစ်နေပါသလား။

ဒါဆိုရင်တော့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေကို မိမိအိမ်မှာပဲ ဆော့ကစားပေးလိုက်ပါ။

အခုဖော်ပြပေးမယ့် Squat လေ့ကျင့်ခန်း (၆) မျိုးကို တစ်ပတ် လေးရက်လောက် ဆော့ကစားပေးလိုက်ရုံနဲ့ လှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်ပါပြီ။

ပုံမှန် Squat

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ထို့နောက် တင်ပါးကို အနောက်ပစ်ကာ ဖြည်းဖြည်းချင်းထိုင်ချလိုက်ပါ။ ထို့နောက် ဖြည်းဖြည်းချင်း ပြန်ထပေးရပါမယ်။

နံရံကို အမှီပြုရသော Squat

သင့်ရဲ့ကျောပြင်နဲ့ခါးက တစ်ဖြောင့်တည်းဖြစ်ရပါမယ်။ ပြီးရင် နံရံနဲ့ မျဉ်းပြိုင်အနေအထားရှိရပါမယ်။ ထို့နောက် ဖြည်းဖြည်းချင်း အထိုင်အထပြုလုပ်ပေးလိုက်ပါ။

တစ်ဖက်နိမ့် တစ်ဖက်မြင့် Squat

ခြေထောက်တစ်ဖက်ကိုတော့ ကြမ်းပြင်မှာ ချထားပြီး ကျန်တစ်ဖက်ကိုတော့ ခုံပုလေးတစ်လုံးပေါ်မှာ တင်ထားလိုက်ပါ။ ထို့နောက် ပုံမှန်ပြုလုပ်နေကျ Squat အတိုင်း အထိုင်အထပြုလုပ်ပေးလိုက်ပါ။

မျောက်ထိုင် ထိုင်ရသော Squat

ခြေထောက်နှစ်ချောင်းကို ပုခုံးအကျယ်ထက် အနည်းငယ်ပိုကျယ်အောင် ကားထားလိုက်ပါ။ ထို့နောက် ပုံပါအနေအထားအတိုင်း Squat ထိုင်ချလိုက်ပါ။ ထို့နောက် ဖြည်းဖြည်းချင်း ပြန်ထလိုက်ပါ။

ဆူမို Squat

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်ထက် ပိုကျယ်အောင် ကားထားလိုက်ပါ။ ထို့နောက် တင်ပါးနောက်ပစ်ပြီး ထိုင်ချလိုက်ပါ။ ထိုကဲ့သို့ ထိုင်ချလိုက်တဲ့အချိန်မှာ ပေါင်နှင့် ကြမ်းပြင်က မျဉ်းပြိုင်အနေအထားအတိုင်း ဖြစ်နေရပါမယ်။ ထို့နောက် ဖြည်းဖြည်းချင်း ပြန်ထပေးလိုက်ပါ။

အမြင့်ခုန် Squat

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ထို့နောက် ခုန်လိုက်ပါ။ ထိုကဲ့သို့ ခုန်နေချိန်မှာ လက်ကိုလည်း အပေါ်မြှောက်လိုက်ပါ။ ထို့နောက် ပုံမှန် Squat အတိုင်း Squat ထိုင်ပါ။ ခုန်လိုက် Squat ထိုင်လိုက် တစ်လှည့်စီပြုလုပ်ရပါမယ်။

အခုဖော်ပြပေးခဲ့တဲ့ Squat လေ့ကျင့်ခန်းတွေကို ၁၂ ကြိမ် (သို့) ၁၅ ကြိမ် လေးကြော့စီပြုလုပ်ပေးလိုက်ပါ။ ပျိုမေလေးတို့ တောင့်တနေတဲ့ ခန္ဓာကိုယ်အချိုးအစားလေးကို ပိုင်ဆိုင်နိုင်ပါတယ်။

Source: Stylecraze.com

By MyStyle Myanmar