ကိုရီးယားမလေးတွေရဲ့အသားအရေဟာ အရမ်းလှပတယ်ဆိုတာကို အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ လူတိုင်းလည်း သူတို့လို အသားအရေလှချင်ကြမယ်လို့ထင်ပါတယ်။ ကိုရီးယားမလေးတွေက အသားအရေကို အရမ်းဂရုစိုက်ကြတာပါ။

ဒါကြောင့် ကိုရီးယားမလေးတွေရဲ့ အသားအရေထိန်းသိမ်းနည်း (၆) နည်းကို ဖော်ပြပေးလိုက်ပါတယ်။ အမှန်တကယ်အသားအရေလှချင်ရင်တော့ မပျင်းမရိလိုက်လုပ်မှဖြစ်မှာပါ။

Face Mask

ကိုရီးယားမလေးတွေက သဘာ၀ Face Mask လေးတွေကို သုံးစွဲကြပါတယ်။ Green Tea နဲ့လုပ်ထားတဲ့ သဘာ၀ Face Mask တွေကို သုံးစွဲကြတာများပါတယ်။ ဒါ့အပြင် အသင့်ကပ်နိုင်တဲ့ Mask တွေကိုလည်း အမြဲကပ်ပေးကြပါတယ်။ ဒီလို Face Mask သုံးပေးခြင်းက အသားအရေကို သိသိသာသာ ကြည်လင်လာစေပါတယ်။

Double Cleansing

မျက်နှာသစ်တဲ့အခါမှာ ရိုးရိုး Cleansing လုပ်တာထက် Double Cleansing လုပ်ပေးတာက မျက်နှာမှာကပ်နေတဲ့ အညစ်မကြေးတွေ ပိုပြောင်စေပါတယ်။ အညစ်အကြေးတွေကို သေချာမသန့်စင်ရင် ဘယ်လောက်ပဲ Skincare တွေလုပ်လုပ် သိပ်ပြီးထိရောက်မှုမရှိစေပါဘူး။

Exfoliate

မျက်နှာကို Exfoliate လုပ်ပေးခြင်းက မျက်နှာမှာရှိနေတဲ့ ဝက်ခြံနဲ့အမဲစက်တွေကို သက်သာပျောက်ကင်းစေပြီး အသားအရေကိုချောမွေ့လာစေပါတယ်။ ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပြီး မျက်နှာအသားအရေဟာ လေဝင်လေထွက်လည်းကောင်းလာတဲ့အတွက် ကြည်လင်လာစေမှာပါ။

Essence

ကိုရီးယားမလေးတွေဟာ Essence ကို မဖြစ်မနေလိမ်းပေးကြပါတယ်။ ကိုရီးယားမလေးတွေရဲ့ Skincare Step တွေထဲက အရေးအကြီးဆုံးအချက်ကတော့ Essence ပါပဲ။ Essence တွေကတော့ ဈေးနည်းနည်းကြီးပါတယ်။ ဒါပေမယ့်လည်း မိန်းကလေးဆိုတော့ လှချင်တော့လည်း ဝယ်သုံးကြတာပါပဲ။

Moisturize

မျက်နှာအသားအရေလေးလှပနေဖို့ဆိုတာ Moisturize ကလည်း အရေးကြီးပါတယ်။ သူက မျက်နှာကိုနူးညံ့ပြီး ချောမွေ့လာစေပါတယ်။

Eye Cream

မျက်ကွင်းညိုတာတွေနဲ့ မျက်လုံးအောက်က အရေးအကြောင်းတွေမဖြစ်အောင် Eye Cream ကို သုံးပေးကြပါတယ်။ ကိုရီးယားတွေက မျက်နှာမှာ အရေးအကြောင်းတွေပေါ်လာမှာကို အရမ်းကြောက်ကြလို့ သူများထက်ပိုပြီးကို ဂရုစိုက်ကြတာပါ။

Photo Source: www.womensok.com