ဖိအားအမျိုးမျိုး၊ ပယောဂ အမျိုးမျိုး၊ အလုပ်တာဝန် အမျိုးမျိုးကြောင့် စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နိုင်ပါတယ်။ လူတစ်ယောက်က မရပ်မနား အလုပ်လုပ်နေတဲ့အခါ စိတ်ဖိစီးမှု များလာတတ်ပါတယ်။ စိတ်ပင်ပန်းလာတတ်ပါတယ်။ စိတ်ပင်ပန်းတာက ခန္ဓာကိုယ် ပင်ပန်းတာ ထက် ပိုဆိုးပါတယ်။ ခန္ဓာကိုယ် ပင်ပန်းတာက အနားယူနိုင်ပေမယ့် စိတ်ပင်ပန်းတဲ့အချိန်မှာတော့ ဘာမှ မလုပ်ချင်တော့ လောက်တဲ့အထိ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် စိတ်ပင်ပန်း လူပင်ပန်းဖြစ်တဲ့အချိန် ဘာတွေ လုပ်နိုင်လဲ ဘယ်လိုအနားယူနိုင်လဲ ကြည့်လိုက်ရအောင်နော်-
၁။ ပတ်ဝန်းကျင် နဲ့ အဆက်အသွယ်ဖြတ်ပါ
စကားသံတွေ၊ ဆူညံသံတွေအောက်မှာ စိတ်ပင်ပန်းလာတတ်ပါတယ်။ ခဏတဖြုတ် လူအများနဲ့ ဝေးရာမှာ တစ်ယောက်တည်း နေသင့်ပါတယ်။ ဒီလိုနေလိုက်တဲ့အချိန် သင် ပင်ပန်းတာ သက်သာလာပါလိမ့်မယ်။
၂။ မကူညီပေးနဲ့
သူများ ပြောတာတွေကို အဆက်မပြတ် ဖြေရတာ၊ သူများ ကြိုက်အောင် ကိုယ်က အမြဲ ကြိုးစားနေရတဲ့အခါ ပင်ပန်းလာတတ်ပါတယ်။ လူတိုင်းကို ကူညီပေးစရာမလိုပါဘူး။ အကူအညီ တောင်းလာသူကို ငြင်းပယ်ပြီး အနားယူသင့်ပါတယ်။
၃။ အလုပ်မဟုတ်တဲ့ဟာကို လုပ်ပါ
အလုပ်မဟုတ်တာ ဆိုတာ ကိုယ့်အလုပ်အတွက် ဘာမှ မထိရောက်တာမျိုးပါ။ ရုပ်ရှင်ကြည့်တာ၊ ကိုယ်စားချင်တာ သွားစားတာ၊ သီချင်းဆိုတာ ၊ တစ်နေရာကို ဘာမှ မတွေးဘဲ ငေးနေတာ စတာတွေ ပါဝင်ပါတယ်။
၄။ သဘာဝနဲ့ အနုပညာကို ထိတွေ့ပါ
စိတ်ပင်ပန်းတဲ့အချိန် သဘာဝ အပင် ၊ ပတ်ဝန်းကျင်နဲ့ ထိတွေ့သင့်ပါတယ်။ ပန်းချီဆွဲတာ၊ တူရိယာ တစ်ခု သင်တာ စတဲ့ အနုပညာ အလုပ်တွေကို လုပ်သင့်ပါတယ်။
၅။ အိမ်မှာ တစ်ယောက်တည်းနေပါ
ကိုယ့်အိမ်မှာ ဘယ်သူနဲ့ မှ စကားမပြောဘဲ တစ်ယောက်တည်း ကိုယ်လုပ်ချင်တာ လုပ်နေတာကလည်း အနားယူမှု တစ်ခုပါပဲ။
၆။ တာဝန် ဝတ္တရားတွေကနေ အနားယူတာ
ကိုယ်အမြဲ လုပ်နေကျ အလုပ်တွေကို ခဏ ရပ်ပြီး အနားယူသင့်ပါတယ်။ ဒီလို အနားယူလိုက်တာကြောင့် အားအင်ပြန်ပြည့်လာပြီး စိတ်သစ် လူသစ် ဖြစ်စေပါတယ်။
Photo Source: Pinterest
By MyStyle Myanmar