ပေါင်တုတ်နေလို့ ပေါင်သေးချင်တဲ့သူတွေနဲ့ ပေါင်အဆီကျချင်တဲ့သူတွေအတွက် ထိရောက်တဲ့ Sitting Exercise 6 မျိုးကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာလည်းလုပ်လို့ရတဲ့ Exercise တွေဖြစ်လို့ လုပ်ဖို့လွယ်ကူစေမှာပါ။

Seated leg lifts

ခုံမှာထိုင်ပြီး ခြေထောက်ကိုစုပြီး ပထမပုံထဲကလိုလုပ်လိုက်၊ အရှေ့ကိုပြန်ဆန့်ထုတ်လိုက်နဲ့ လုပ်ပေးရမှာပါ။ 10 ကြိမ် 15 ကြိမ်လောက် လုပ်ပေးရင် ရပါပြီ။

Seated leg extensions

ခုံမှာမတ်မတ်ထိုင်ပြီး ခြေထောက်တစ်ဖက်ကို အရှေ့ဆန့်ထုတ်လိုက်၊ အောက်ပြန်ချလိုက်၊ နောက်ခြေထောက်တစ်ဖက်ကို အရှေ့ဆန့်ထုတ်လိုက်၊ အောက်ပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 10 ကြိမ်စီ လုပ်ပေးရင် ရပါပြီ။

Seated sumo squats

Sumo squats က ခြေထောက်ကိုကားပြီး ခြေချောင်းတွေက အပြင်ဘက်ကို လှည့်ထားတဲ့ အနေအထား ဖြစ်နေရပါမယ်။ အဲ့အတိုင်း တစ်ဝက်ထိုင်လိုက် ပြန်ထလိုက်နဲ့ 15 ကြိမ် လုပ်ပေးရပါမယ်။

Seated butterfly stretch

ခါးကိုမတ်မတ်ထားပြီး ခြေဖဝါးနှစ်ဖက်ကို ပူးကပ်ထားရပါမယ်။ အဲ့အတိုင်း စက္ကန့် 30 မှ 1 မိနစ်အထိ ကိုယ်အဆင်ပြေသလောက် နေပေးနိုင်ပါတယ်။

Seated calf raises

ထိုင်ခုံမှာ ခါးကိုမတ်မတ်ထိုင်ပြီး ခြေထောက်နှစ်ဖက်ကို စုထားပါ။ ပေါင်ပေါ်ကို အလေးတစ်ခုခုတင်ထားပြီး ခြေဖဝါးထောက်လိုက်၊ ပြန်ချလိုက်နဲ့ အကြိမ် 20 လုပ်ပေးရပါမယ်။

Seated wall sit

နံရံကိုကပ်ပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် 30 နေပေးပါ။ အချိန်ပြည့်ရင် မတ်တပ်ပြန်ရပ်ပါ။ ပြီးရင်ပြန်လုပ်ပါ။ အဲ့အတိုင်း အနည်းဆုံး 5 ကြိမ် လုပ်ပေးရမှာ ဖြစ်ပါတယ်။