Toxic ဖြစ်စေတဲ့အရာတွေကို ဖက်တွယ်နေရင် ကိုယ်ပဲစိတ်ညစ်ရတယ်၊ စိတ်ဆင်းရဲရတယ်၊ ပူလောင်ရပါတယ်။ သင့်ဘဝထဲကနေ toxic ဖြစ်စေတဲ့ ဒီအရာ ၆ ခုကို ဖယ်ထုတ်လိုက်မယ်ဆိုရင်တော့ စိတ်ချမ်းသာပျော်ရွှင်မှုကို အပြည့်အဝခံစားရမှာပါ။ စိတ်ဆင်းရဲမှုတွေ သိသိသာသာ လျော့ကျသွားမှာပါ။

Social Media

လူတိုင်းအတွက်တော့ social media က တကယ့်ကို toxic ဖြစ်စေတဲ့အရာပါပဲ။ အများစုသုံးကြတဲ့ facebook ကတော့ အဆိုးဆုံးပါပဲ။ ကိုယ့်ထက်သာတဲ့သူကို အားကျပြီး ကိုယ့်ကိုယ်ကို အားငယ်စိတ်တွေဝင်တာမျိုး၊ အပြိုင်အဆိုင်တွေလုပ်တာမျိုး၊ ဒီ facebook ကြောင့်နဲ့ ရန်ဖြစ်စကားများကြတာမျိုးတွေ အရမ်းဖြစ်ကြပါတယ်။ ဒီ social media ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရပြီဆိုရင် ကိုယ့်ဘဝထဲကနေသာ ဖယ်ထုတ်လိုက်ပါ။ မသုံးပဲနေတာ အကောင်းဆုံးပါပဲ။

မနာလိုစိတ်

မနာလိုစိတ်က ကိုယ့်ဘဝအတွက် toxic ဖြစ်စေတဲ့အရာတစ်ခုပါပဲ။ မနာလိုစိတ်တွေများနေရင် ကိုယ်ပဲပင်ပန်းပါတယ်။ စိတ်ဖိစီးရပါတယ်။ သူများအပေါ် မကောင်းစိတ်တွေဝင်ပြီး ကိုယ့်ကိုယ်ကိုလည်း အလိုမကျတွေဖြစ်ပြီး ပူလောင်နေရပါလိမ့်မယ်။

Stress

Stress တွေကို ကြာကြာမထားပါနဲ့။ အမြန်ဆုံးရှင်းထုတ်ပစ်ပါ။ Stress တွေများလာရင် ဘာမှလုပ်ချင်စိတ်မရှိပဲ၊ တစ်ချိန်လုံး စိတ်ညစ်နေရမှာပါ။ ဒါကြောင့် အများကြီးမတွေးပဲ မြန်မြန် move on လုပ်နိုင်အောင် ကြိုးစားရပါမယ်။

ပြောင်းလဲနေတဲ့ဖက်ရှင်ရေစီးကြောင်း

ပြောင်းလဲနေတဲ့ဖက်ရှင်ရေစီးကြောင်းက ဘယ်သူ့မှသတိမထားမိတဲ့ toxic ဖြစ်စေသောအရာပါ။ ပြောင်းလဲနေတဲ့ ဖက်ရှင်နောက်ကို အမှီလိုက်နိုင်နေတဲ့ သူတွေအတွက်ကတော့ အဆင်ပြေပေမယ့် မလိုက်နိုင်တဲ့သူ၊ မဝယ်နိုင်တဲ့သူတွေအတွက်ကျတော့ စိတ်ဖိစီးရပါတယ်။ ဒါလေးခေတ်စားပြီဆို ဝယ်ချင်ပြန်ပြီ၊ မဝယ်နိုင်တော့ စိတ်ညစ်ရတယ်၊ ဝမ်းနည်းစိတ်၊ အားငယ်စိတ် ဝင်ရပါတယ်။ ဒါကြောင့် ဖက်ရှင်ဆိုတာ အမြဲတမ်းပြောင်းလဲပြီး ပေါ်နေမှာဖြစ်လို့ အဲ့နောက်ကိုမလိုက်ပဲ ကိုယ့်စတိုင်လ်အတိုင်းလေးပဲ လှအောင် ဝတ်စားသုံးစွဲပါ။

မကောင်းတဲ့သူငယ်ချင်း

မကောင်းတဲ့သူငယ်ချင်းတွေကို ဖက်တွယ်မနေပဲ ကိုယ့်ဘဝထဲကနေထုတ်ပစ်ပါ။ Toxic ဖြစ်စေတဲ့အရာမှန်သမျှကို ဖယ်ထုတ်ပစ်နိုင်ရင် စိတ်ချမ်းသာရပါလိမ့်မယ်။

မကောင်းတဲ့ Relationship

မကောင်းတဲ့ relationship ကို ဖက်တွယ်ပြီးဆွဲထားရင်တော့ ကိုယ်ပဲ တစ်သက်လုံးစိတ်ဆင်းရဲပြီး ငိုနေရမှာပါ။ ကိုယ့်ဘဝထဲကနေ ထုတ်ပစ်လိုက်ရလို့ နာကျင်ရမယ်ဆိုရင်တောင် အချိန်ခဏပါပဲ။