ကိုယ်ကျပ်နဲ့ ဂျိုင်းပြတ်အင်္ကျီလေးတွေ ဝတ်တဲ့အခါ သိသိသာသာမြင်နေရတဲ့ နောက်ကျောဘေးဘက်က အဆီပိုတွေကြောင့် စိတ်ရှုပ်ရနေတဲ့သူတွေရှိလား။ ဒီလို ဂျိုင်းအောက်ပိုင်းနဲ့ နောက်ကျောမှာ အဆီစုတတ်တဲ့သူတွေက အစားလျှော့ရုံနဲ့ မလုံလောက်ပါဘူး။ ဝိတ်ကျသွားတဲ့နောက်မှာလည်း ကြွက်သားတွေတွဲမကျဘဲ ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။

နောက်ကျောအဆီပိုတွေကျစေတဲ့ လေ့ကျင့်ခန်းတွေထဲက ဒီတစ်ခေါက်မှာ လုပ်ရခက်ခဲပေမယ့် ခပ်မြန်မြန် အဆီကျပြီး ကျစ်လျစ်လာစေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း ၁

ဒီလေ့ကျင့်ခန်းအတွက် အလေးတုံးတွေ မ ထားဖို့ လိုပါတယ်။ ပုံထဲကအတိုင်း နောက်အမှီပါတဲ့ ခုံတစ်ခုံမှာထိုင်ပြီး ခန္ဓာကိုယ်မတ်နေအောင်ထားပေးပါ။ ကိုယ်မ နိုင်တဲ့ အလေးချိန်လောက် အလေးတုံးနှစ်တုံးကို ယူပြီး လက်တစ်ဖက်စီမှာကိုင်ထားပေးရပါမယ်။ ပုခုံးတွေ စွင့်ထားပြီး တံတောင်ကွေးကာ အလေးတုံးကို မ လိုက် ပြန်ချလိုက်ပြုလုပ်ပေးရပါမယ်။ အားထည့်ပြီး ၁၀ ကြိမ်အနည်းဆုံး ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

Photo Source: BarBend

ကြမ်းပြင်မှာမှောက်ပြီး ရေကူးတဲ့ပုံစံမျိုးလုပ်ပေးရမှာပါ။ ခန္ဓာကိုယ်မှောက်ကာ ကြမ်းပြင်နဲ့ ဗိုက်ထိထားပြီး ခြေထောက်နဲ့လက်တွေကို မြှောက်ကာ အရှေ့ဘက်ဆန့်ထုတ်ပေးပါ။ ခါးနဲ့ပုခုံးကြွက်သားတွေကို တင်းထားပေးရပါမယ်။ ပုံထဲကအတိုင်း အပေါ်မြှောက်လိုက် ချလိုက် ၁၀ ကြိမ်မှ ၁၅ ကြိမ်အထိပြုလုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း ၃

Bent Over Row လို့ခေါ်တဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။ ခါးကိုင်းပြီး ဒူးအနည်းငယ်ကွေးထားကာ ပုခုံးနဲ့ လက်နှစ်ဖက်အားပြုပြီး အလေးမ ပေးပါ။ ဒီလေ့ကျင့်ခန်းကိုတော့ ကိုယ်လုပ်နိုင်သလောက် ၆ ကြိမ်မှ ၁၂ ကြိမ်ထိ လုပ်ပေးပါ။

လေ့ကျင့်ခန်း ၄

Photo Source: Woman’s Health

ပုံထဲကလို အလေးတုံးခုထားကာ ခန္ဓာကိုယ်ကို ဒိုက်ထိုးတဲ့ပုံစံ ကြမ်းပြင်နဲ့မထိအောင် ထောက်ပြီး လက်နှစ်ဖက်နဲ့ အလေးမလိုက် ပြန်ချလိုက်လုပ်ပေးရမှာပါ။ ကြားထဲမှာ ၁၀ စက္ကန့်လောက်နားပြီး စက္ကန့် ၅၀ ပြည့်အောင်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၅

ဒိုက်ထိုးလေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒိုက်ထိုးတာက သင့်နောက်ကျော၊ လက်မောင်းနဲ့ပုခုံးတစ်ဝိုက်က အဆီတွေလောင်ကျွမ်းပြီး ကြွက်သားကျစ်လျစ်စေမှာပါ။ ဒိုက်ထိုးရခက်နေသေးတဲ့ ပျိုမေတို့အနေနဲ့ ဒူးထောက်ထားပြီး ဖြေးဖြေးချင်းပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း ၆

ကိုယ်နိုင်သလောက် အလေးတုံးတွေ မ ထားပြီး လက်နှစ်ဖက်ကို မ တင်လိုက် ပြန်ချလိုက်လုပ်ပေးရမှာဖြစ်ပါတယ်။ လက်မောင်းကြွက်သားတွေ အားပြုပြီး ခပ်မြင့်မြင့်လေး မ တင်ပေးနိုင်ရင်ပိုကောင်းပါတယ်။ သူ့ကိုတော့ ၁၀ ကြိမ် ၃ ကြော့ခန့် ပြုလုပ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar