မိန်းကလေးတိုင်းကတော့ အသားအရေကြည်ပြီး လှနေတာမျိုးလေးကို လိုချင်ကြတာပါပဲ။ ဒီလိုဖြစ်ဖို့ဆိုတာလည်း သေချာ care ပေးမှရမှာပါ။ Glow တာ၊ ဖြူတာထက် အသားအရေလေးကြည်ပြီး စိုပြည်နေရင် အလိုလို glow သွားတာပါပဲ။ ဒါကြောင့် အမြဲတမ်း အသားအရေကြည်ပြီး စိုပြည်နေဖို့အတွက် မဖြစ်မနေလုပ်ပေးသင့်တဲ့ အရာ ၆ ခုကို ပြောပြပေးလိုက်ပါတယ်။

ရေများများသောက်ပါ

Skincare လုပ်ပြီး ရေသောက်နည်းရင်လည်း အသားအရေမွဲခြောက်စေပါတယ်။ ဒါကြောင့် ပထမဆုံးအနေနဲ့ အရေးကြီးတာက ရေများများသောက်ပေးဖို့ပါ။ ရေများများသောက်ပေးခြင်းကြောင့် အသားအရေစိုပြည်ပြီး ကြည်စေတယ်၊ ကိုယ်ရည်စစ်စေပါတယ်။

Cleansing သေချာလုပ်ပါ

Skincare တွေလုပ်ပြီး cleansing သေချာမလုပ်ရင်လည်း အလကားပါပဲ။ ဒါကြောင့် ဒုတိယအရေးအကြီးဆုံးက cleansing ပါ။ မျက်နှာကို မျက်နှာသစ်ဆေးနဲ့ တန်းသစ်တာမျိုး မလုပ်ပါနဲ့။ မိတ်ကပ်လိမ်းသည်ဖြစ်စေ၊ မလိမ်းသည်ဖြစ်စေ အရင်ဆုံး makeup remover, cleansing water, cleansing oil စတာတွေနဲ့ အရင်ဖျက်ပါ။ ပြီးမှ မျက်နှာသစ်ဆေးနဲ့ သစ်ပေးပါ။

အခြေခံ Skincare Step တွေကိုသေချာလိမ်းပါ

Skincare အစုံလျှောက်သုံးစရာ မလိုပါဘူး။ အခြေခံ skincare step တွေကိုသာ သေချာလိမ်းပေးပါ။ Toner, serum, moisturizer, eye cream စတဲ့လေးမျိုးကိုသာ မဖြစ်မနေလိမ်းပေးပါ။ အသားအရေ သိသိသာသာကောင်းပြီး ကြည်လာပါလိမ့်မယ်။

တစ်ပတ်တစ်ခါ Exfoliate လုပ်ပါ

တစ်ပတ်တစ်ခါ exfoliate ပုံမှန်လုပ်ပေးမှ dead cells တွေကိုဖယ်ရှားနိုင်မှာပါ။ ဒါမှလည်း အသားအရေကြည်ပြီး ဆားဝက်ခြံ၊ အဆီဖုတွေ သက်သာပါမယ်။ တစ်ပတ်တစ်ခါပဲလုပ်ပါ။ ခဏခဏလုပ်ရင် ချွေးပေါက်တွေကျယ်ပြီး အဆီပိုပြန်လာပါလိမ့်မယ်။

Sheet Mask ကပ်ပေးပါ

တစ်ပတ် နှစ်ကြိမ် (သို့) သုံးရက် တစ်ကြိမ် sheet mask ပုံမှန်ကပ်ပေးပါ။ Sheet mask ကပ်ပေးတာက အသားအရေ သိသိသာသာ ပြောင်းလဲလာစေပါတယ်။ အဓိကကတော့ ရေဓာတ်ပြည့်ဝပြီး အသားအရေကြည်လာတယ်။ Healthy skin လေး ဖြစ်လာစေပါတယ်။

Sunscreen လိမ်းပါ

နောက်ဆုံးအနေနဲ့ အရေးအကြီးဆုံးအရာကတော့ sunscreen ပါ။ မနက် ၁၀ နာရီ၊ ၁၁ နာရီလောက်ကစပြီး ညနေ ၄ နာရီအတွင်း အပြင်ပဲသွားသွား၊ အိမ်မှာပဲနေနေ sunscreen လိမ်းပေးရပါမယ်။ Sunscreen တွေက ၄ နာရီလောက်ပဲခံတဲ့အတွက် ပြန်ပြီး ထပ်လိမ်းပေးတာမျိုး၊ ဒါမှမဟုတ်လည်း sun spray ထပ်ဖြန်းပေးတာမျိုးတွေ လုပ်ပေးပါ။ Sunscreen မလိမ်းရင် skincare တွေလုပ်နေလည်း အသားအရေပျက်စီးပါတယ်။ ဒါကြောင့် sunscreen လိမ်းဖို့ လုံးဝမမေ့ပါနဲ့။