မျက်ကွင်းညိုတာက အိပ်ချိန်ပုံမှန်မရှိတာ၊ မျက်လုံးကိုလက်နဲ့မကြာခဏပွတ်မိတာ၊ နေရောင်ခံတာ စတဲ့ အကြောင်းအရင်းတွေကြောင့်အဖြစ်များပါတယ်။ နောက်ဆက်တွဲအနေနဲ့ ပျိုမေတို့ရဲ့ အသားအရေ ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် လန်းလန်းဆန်းဆန်းမရှိဘဲ ပင်ပန်းနွမ်းနယ်နေပုံပေါက်ပြီး ကြည့်ရဆိုးစေနိုင်ပါတယ်။ ဒါတွေကိုသက်သာစေဖို့ အရေပြားပညာရှင်တွေကပါ အကြံပြုထားတဲ့ မျက်ကွင်းညိုမဲခြင်းကိုပြန်လည်ပြုပြင်ရာမှာ ပြုလုပ်နိုင်တဲ့ ထိန်းသိမ်းနည်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ မနက်စာကို ထောပတ်သီးစားပေးပါ


ခန္ဓာကိုယ်နဲ့အသားအရေကျန်းမာရေးအတွက် သဘာဝအဆီဓာတ်တွေလိုအပ်ပါတယ်။ ဒါကြောင့် ထောပတ်သီးလိုအဆီဓာတ်ပါတဲ့ အစားအစာတွေစားသုံးပေးပါ။ သင့်အသားအရေအတွက် ဆဲလ်အသစ်တွေဖြစ်ပေါ်စေပြီး အစိုဓာတ်နဲ့ အခြားလိုအပ်တဲ့အာဟာရဓာတ်တွေရရှိဖို့ကူညီပေးပါလိမ့်မယ်။

၂။ Retinol နဲ့ Niacinamide လိမ်းပေးပါ


Niacinamide မှာ မျက်ကွင်းညိုမဲခြင်းကိုအရောင်ကျစေတဲ့ Antioxidant တွေပါဝင်ပါတယ်။ Retinol ကတော့ ကိုယ်တွင်း Collagen ထုတ်လုပ်မှုအားကောင်းစေပြီး အရေးအကြောင်းဖြစ်ခြင်းကို လျှော့ချပေးနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ သင့်အနေနဲ့ မျက်ကွင်းညိုတာကိုသက်သာစေဖို့ Retinol နဲ့ Niacinamide တို့ပါဝင်တဲ့ Skincare ပစ္စည်းတွေကိုအသုံးပြုဖို့လိုပါတယ်။

၃။ Coffee နဲ့ပေါင်းတင်ပေးပါ


Coffee နဲ့ Tea တွေမှာပါဝင်တဲ့ Caffeine ဓာတ်က မျက်လုံးတစ်ဝိုက်က သွေးကြောတွေကိုဖြေလျော့ပေးပြီး မျက်အိတ်ဖောင်းခြင်းနဲ့ ရောင်ရမ်းခြင်းတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် Coffee နဲ့ပြုလုပ်ထားတဲ့ Mask တွေအသုံးပြုပြီး မျက်နှာကိုပေါင်းတင်ပေးပါ။

၄။ Serum နဲ့ Cream တွဲသုံးပေးပါ


မျက်ကွင်းညိုတာက မျက်လုံးတစ်ဝိုက်အရေပြားပါးလာခြင်းကြောင့် အဖြစ်များပါတယ်။ အရေပြားကျွမ်းကျင်သူတွေက မျက်ကွင်းချောင်ကျခြင်းသက်သာပြီး အသားတက်စေဖို့အတွက် Hyaluronic Acid ပါဝင်တဲ့ Serum နဲ့ Retinol Cream တို့ကို တွဲစပ်အသုံးပြုပေးဖို့ အကြံပြုထားပါတယ်။

၅။ ခေါင်းအုံးခပ်မြင်မြင့်နဲ့အိပ်ပါ


ခေါင်းအုံးကိုအနည်းငယ်မြှင့်ထားပြီးအိပ်စက်ဖို့လိုပါတယ်။ ခေါင်းအုံးအပြားနဲ့အိပ်တာက သင့်မျက်လုံးတစ်ဝိုက်ဆီကို ကိုယ်တွင်း Fluid တွေစီးဆင်းစေပြီး မျက်အိတ်ဖောင်းခြင်းကို ပိုဖြစ်စေပါတယ်။

၆။ အအေးဝတ်ကပ်ပေးပါ


အအေးဓာတ်က ယောင်ယမ်းတာကို သက်သာစေပြီး သွေးကြောဖောင်းတာကို လျော့ပါးစေပါတယ်။ ရေခဲအနည်းငယ်ကို အဝတ်သန့်ထဲ ထည့်ပြီး မျက်လုံးပေါ် အုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဝတ်ကို ရေခဲရေနဲ့ စွတ်ပြီး မျက်လုံးအောက် မိနစ် ၂၀ ပွတ်ပေးတာကလည်း မျက်ကွင်းညိုသက်သာစေပါတယ်။ ရေခဲပျော်သွားတဲ့အထိ ဒါမှမဟုတ် အအေးဝတ် အအေးလျော့သွားတဲ့အထိ မျက်လုံးအောက်ကို ပွတ်ပေးနိုင်ပါတယ်။

Photo Source: Pinterest, brightside.me