မင်္ဂလာပါနော်။ ဆောင်းတွင်းလေအေးအေးက အသားခြောက်ရုံတင်မကဘဲ ဆံနွယ်တွေကိုပါ အစိုဓာတ်ခန်းခြောက်စေတာမို့ ဒီလိုရာသီမှာ ဆံသားပြဿနာတွေ ပိုဖြစ်တတ်ပါတယ်။ အဓိကကတော့ ဆောင်းရာသီမှာ ဆံသားကခြောက်သွေ့ပြီး အရောင်မွဲတတ်တာမို့ ဆံပင်ကျွတ်တာနဲ့ အဖျားနှစ်ခွထွက်တာတွေ အဖြစ်များပါတယ်။ ဒီလိုပြဿနာတွေကနေ ကာကွယ်နိုင်ဖို့ ဆောင်းရာသီမှာလုပ်ပေးသင့်တဲ့ မှန်ကန်တဲ့ ဆံသားထိန်းသိမ်းနည်းတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ ရေအပူနဲ့ ခေါင်းလျှော်တာမျိုးရှောင်ပါ


ရာသီဥတုအေးတာမို့ ရေအပူနဲ့ခေါင်းလျှော်တာမျိုး လုပ်မိကြမှာပါ။ အပူဒဏ်က သင့်ဦးရေပြားနဲ့ ဆံသားတွင်းက သဘာဝအဆီတွေကို ဖယ်ရှားလိုက်သလို ဖြစ်သွားနိုင်တာမို့ ဆံသားပိုခြောက်သွေ့ပြီး ဆံပင်တွေထုံးသွားတတ်ပါတယ်။ ဒါကြောင့်မို့ ရေအပူနဲ့မထိအောင် သတိထားပေးပါ။

၂။ ခေါင်းသေချာဖြီးပါ


ခေါင်းဖြီးတဲ့ပုံစံအမှားတွေကလည်း ဆံပင်ပိုပါးပြီး ခြောက်သွေ့စေနိုင်ပါတယ်နော်။ ဆံပင်ကို ရေစိုနေတဲ့အချိန်ဖြီးတာ၊ အရင်းနားလောက်ကနေ ဖြီးချတာတွေကိုရှောင်ပေးပါ။ ဒါတွေက ခဏခဏလုပ်မိတဲ့အခါ ဆံပင်အကျွတ်များပြီး အဆီအနှစ်တွေ ဆုံးရှုံးတတ်ပါတယ်။ ခေါင်းကိုလည်း လိုအပ်မှဖြီးတာမျိုးသာ လုပ်ပေးပါ။

၃။ ဆံပင်ပုံသွင်းတာကို တတ်နိုင်သလောက်လျှော့ပါ


ဆံပင်ပုံသွင်းတတ်တဲ့သူတွေက ဒီလိုအေးတဲ့ရာသီမှာ စက်အပူနဲ့ပုံသွင်းတာမျိုးကို တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ ရာသီဥတုအေးတာကြောင့်လည်း ဆံသားခြောက်စေသလို အပူနဲ့ထိတွေ့မိရင်လည်း ဆံပင်ခြောက်လာတတ်တာမို့ အပူနဲ့တိုက်ရိုက်မထိအောင်ထားတာအကောင်းဆုံးပါပဲ။

၄။ Chemical များတဲ့ Treatment တွေ ခဏခဏမလုပ်ပါနဲ့


ဆံပင်ဖြောင့်ဆေး၊ ပျော့ဆေးစတာတွေမှာ Chemical တွေ အနည်းနဲ့အများပါဝင်နေဆဲမို့ ခဏခဏ Treatment မလုပ်တာ ပိုကောင်းပါတယ်နော်။ Chemical ပစ္စည်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကတစ်ဆင့် ခြောက်သွေ့လွယ်တဲ့ဆံသားက ပိုပျက်စီးလာမှာပါ။

၅။ အစိုဓာတ်များတဲ့ Shampoo နဲ့ပေါင်းဆေးတွေသုံးပါ


အေးတဲ့ရာသီမှာ ဆံသားနဲ့ ဦးရေပြားအစိုဓာတ်ပြန်ဖြည့်ဖို့ အရေးကြီးတာမို့ Hydrating အာနိသင်များတဲ့ ခေါင်းလျှော်ရည်၊ ပေါင်းဆေးတွေကို ရွေးသုံးပေးဖို့မမေ့ပါနဲ့။ ဒီလို Shampoo တွေနဲ့ တစ်ပတ်နှစ်ကြိမ်လောက် ခေါင်းပုံမှန်လျှော်ပေးပါ။

၆။ အုန်းဆီ၊ Jojoba ဆီ (သို့) Argan ဆီလိမ်းပါ


ဆံသားအစိုဓာတ်အတွက် ဆီလိမ်းပေးဖို့လိုပါတယ်။ ဦးရေပြားသွေးလည်ပတ်မှုကောင်းပြီး ဆံသားအရင်းအထိ အစိုဓာတ်စိမ့်ဝင်ဖို့ ဆီလိမ်းပြီး မိနစ်အနည်းငယ်လောက် နှိပ်နယ်ပေးပါ။ သဘာဝအုန်းဆီ၊ Jojoba ဆီ နဲ့ Argan ဆီတို့ကို သုံးနိုင်ပြီး တစ်ပတ်နှစ်ကြိမ်လောက်လုပ်ပေးမယ်ဆိုရင် အစိုဓာတ်ရတဲ့အပြင် ဗောက်ပြဿနာလည်း ရှင်းစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar