မနက်အိပ်ရာကနိုးတာနဲ့ မျက်နှာကြီး ဖောင်းအစ်နေသလို ခံစားရတာမျိုးကို တော်တော်များများ ကြုံဖူးကြမှာပါ။ ဒီလိုမျက်နှာမှာ အဆီစုပြီး ပါးမို့တွေဖောင်းနေတာက ရေဓာတ်ခန်းခြောက်တာ၊ အိပ်ရေးမဝတာနဲ့ မျက်နှာအတွင်း သွေးလည်ပတ်မှုအားနည်းတာတွေကြောင့် ဖြစ်တတ်သလို Coffee နဲ့ Alcohol တွေ များများသောက်တာ၊ ဆား များတဲ့ အစားအသောက်တွေ အလွန်အကျွံစားတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကို မြန်မြန်သက်သာပြီး မျက်နှာ Shape ပြန်ပေါ်ဖို့ ကိုယ်တိုင် သဘာဝအတိုင်းပြုပြင်နိုင်မယ့် နည်းတွေကို ဒီတစ်ခေါက်အကြောင်းအရာမှာ မျှဝေပေးလိုက်ရပါတယ်။ ဖော်ပြထားတဲ့အရာတွေကို ပုံမှန်လေးသေချာလုပ်ပေးမယ်ဆိုရင် တင်းတင်းရင်းရင်းရှိတဲ့ မျက်နှာလေးကို အချိန်တိုအတွင်းရစေမှာပါနော်။

၁။ ရေဓာတ်ပြည့်ဝနေဖို့ အာရုံစိုက်ပါ


ရေများများသောက်တာက အသားအရေအတွက် အရမ်းအကျိုးရှိပါတယ်။ အရေပြားကို သဘာဝအတိုင်း အစိုဓာတ်ရပြီး တင်းတင်းရင်းရင်းရှိစေတာမို့ နေ့တိုင်း ၂ လီတာ အနည်းဆုံးသောက်ပေးပါ။ သောက်ဖို့ မမေ့အောင် ကိုယ့်အနားမှာ ရေဘူးဆောင်ထားနိုင်ရင် အကောင်းဆုံးပါပဲ။

၂။ Stress တွေကို တတ်နိုင်သလောက် ရှင်းထုတ်ပေးပါ

စိတ်ဖိစီးမှုဟော်မုန်းတွေက သင့်မျက်နှာအသားအရေကို တွဲကျပြီး လျော့တိလျော့ရဲဖြစ်စေပါတယ်။ တဖြည်းဖြည်းနဲ့ အသားအရေတင်းရင်းမှုမရှိတော့ဘဲ အရေးအကြောင်းပေါ်ကာ ပါးမို့တွေတက်လာတတ်တာမို့ Stress မများအောင် နေထိုင်ဖို့လည်း အရမ်းအရေးကြီးပါတယ်။

၃။ ကိုယ့်ရဲ့ တစ်နေ့တာ စားသောက်ပုံကိုပြန်စစ်ဆေးပါ


အဆီများပြီး ရေဓာတ်ခန်းခြောက်စေတဲ့ စားသောက်ပုံအမှားတွေက မျက်နှာ Bloat ဖြစ်စေသလို ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ အားတဲ့အချိန် သရေစာစားတတ်သူတွေအနေနဲ့ Fast Food တွအစား အသားအရေအစိုဓာတ်ဖြည့်ပေးပြီး ခန္ဓာကိုယ်အတွက်လည်း အကျိုးရှိမယ့် ဗီတာမင်၊ Antioxidant တွပါဝင်တဲ့ အသီးအနှံတွေကိုသာ စားပေးသင့်ပါတယ်။

၄။ မျက်နှာကို မကြာခဏ နှိပ်နယ်ပေးပါ

Gua Sha နဲ့ Jade Roller ဒါမှမဟုတ် လက်ချောင်းတွေသုံးပြီး မျက်နှာကိုပုံမှန်လေးနှိပ်နယ်ပေးတာကလည်း အရေပြား သွေးလည်ပတ်မှုကောင်းကာ မျက်နှာအဆီကျစေဖို့ ကူညီပေးနိုင်မှာပါ။ မေးနှစ်ထပ်ဖြစ်တာလည်း သက်သာစေမှာဖြစ်လို့ အဓိကအနေနဲ့ ပါးစောင်အောက်ပိုင်း၊ မေးရိုးနဲ့ နား နေရာတွေကို သေချာနှိပ်နယ်ပေးဖို့ လိုပါတယ်။

၅။ ချွေးထွက်အောင် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ

နေ့တိုင်းပုံမှန် ချွေးထွက်အောင် လှုပ်လှုပ်ရှားရှားနေတာ၊ လေ့ကျင့်ခန်းလုပ်တာကလည်း အရေးပြားသွေးလည်ပတ်မှုကောင်းပြီး မျက်နှာအဆီကျဖို့အတွက်ပါ ကူညီပေးမှာပါ။ Gym မသွားဖြစ်တဲ့သူတွေအနေနဲ့ ပုံမှန်လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာနဲ့ စက်ဘီးစီးတာ စတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။

၆။ မျက်နှာဖောင်းတာ သက်သာစေမယ့် Skincare တွေသုံးပါ

မျက်နှာနဲ့ မျက်အိတ်ဖောင်းတာတွေသက်သာဖို့ Skincare ပုံမှန်လုပ်ဖို့လည်း လိုပါတယ်။ ဥပမာ Green Tea အဆီအနှစ်၊ Retinol ၊ Hyaluronic Acid နဲ့ Vitamin C တို့ ပါဝင်တဲ့ပစ္စည်းတွေက သင့်အသားအရေကို တင်းရင်းစေပြီး မျက်နှာဖောင်းတာကိုလည်း သက်သာစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar