မိဘစီစဉ်တဲ့ အိမ်ထောင်ရေးဘဲဖြစ်ဖြစ် ချစ်ရတဲ့လူဘဲဖြစ်ဖြစ် လက်ထပ်ဖို့ဆုံးဖြတ်တာက လွယ်ကူတဲ့ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ တစ်သက်တာလုံး တစ်စုံတစ်ယောက်နဲ့ ဖြတ်သန်းဖို့အတွက် ချစ်ခြင်းမေတ္တာ လိုအပ်သလို ယုံကြည်မှု၊ လိုက်ဖက်ညီမှု၊ တန်ဖိုးထားမှု ၊ ဘဝပန်းတိုင်များ၊ လူတစ်ဦးအပေါ် လေးလေးနက်နက်လေးစားမှု စတာတွေကလည်း ချန်ထားလို့မရပါဘူး။

ဒါကြောင့် လက်ထပ်တော့မယ်ဆိုရင် မိမိရဲ့လက်တွဲဖော်က ကိုယ့်ဘဝအတွက် ဖြစ်နိုင်ချေရှိတဲ့ ဘဝလက်တွဲဖော်ဟုတ်မဟုတ်ဆိုတာ ဒီအချက်တွေနဲ့တိုင်းတာကြည့်ပါ။

Communication

အောင်မြင်တဲ့အိမ်ထောင်တစ်ခုပိုင်ဆိုင်နိုင်ဖို့က တစ်ယောက်နဲ့တစ်ယောက် Communication က အရမ်းအရေးကြီးပါတယ်။ သမီးရည်းစားဘဝမှာ ရှိခဲ့ရင်တောင်မှ အိမ်ထောင်ရေးမှာ မရှိမဖြစ်လိုအပ်ပါသေးတယ်။ ခက်ခဲတဲ့အကြောင်းအရာတွေကို လေးလေးစားစား ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ဖို့ အရေးကြီးပါတယ်။

အကျင့်စရိုက်

ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုက အရေးကြီးတယ်လို့ဆိုပေမယ့် ရိုးသားမှု၊ လေးစားမှုနဲ့ ကြင်နာမှုတို့လို စရိုက်လက္ခဏာတွေကလည်း အရေးကြီးပါတယ်။

ပိုင်ဆိုင်မှု

နှောင်ကြိုးကို ခိုင်ခံ့စေပြီး ပြည့်စုံတဲ့အိမ်ထောင်ရေးကို တည်ဆောက်ဖို့အတွက် ပိုင်ဆိုင်မှုတွေကို သေချာစောစောစီးစီး ဆွေးနွေးတာတွေက အနာဂတ်ပဋိပက္ခဝွေကို တားဆီးဖို့ ကူညီပေးနိုင်ပါတယ်။

မိသားစု

လက်တွဲဖော်ရဲ့ ဘာသာရေးယုံကြည်ချက်၊ မိသားစုဓလေ့ထုံးတမ်းများနဲ့ ယဉ်ကျေးမှုနောက်ခံအကြောင်း လေ့လာပါ။ ဒါက တစ်ဦးနှင့်တစ်ဦး သဟဇာတဖြစ်မှုကို အများကြီး ကူညီပေးပါတယ်။

ဘဝပန်းတိုင်များ

သင့်ရဲ့ ရည်မှန်းချက်များနဲ့ ဘဝပန်းတိုင်ကို စောစောစီးစီးဆွေးနွေးတာက သင့်လက်တွဲဖော်ရဲ့ ဘဝပန်းတိုင်နဲ့ ကိုက်ညီမှုရှိမရှိ ဆုံးဖြတ်ဖို့ ကူညီပေးပါလိမ့်မယ်။

အချိန်ယူပါ

ဆုံးဖြတ်ချက်တစ်ခုကို အလျင်စလိုမလုပ်ပါနဲ့။ သင့်ရဲ့ ဖြစ်နိုင်ချေရှိတဲ့ လက်တွဲဖော်ဟုတ်မဟုတ် သိဖို့ စိတ်ရှည်ပါ။ လိုက်ဖက်ညီမှု၊ သင့်လျော်မှုရှိမရှိ သေချာသိရဖို့က အချိန်များများယူလေ သေချာလေပါပဲ။