သင်က အလုပ်ခဏနားလို့ အိမ်ကနေပဲ အလုပ်လုပ်ရတာဖြစ်ဖြစ် ဒါမှမဟုတ် နဂိုတည်းက အိမ်ကနေပဲ အလုပ်လုပ်တတ်သူတစ်ယောက်ဆိုရင်တော့ အလုပ်မြန်မြန်ပြီးစေမယ့် နည်းလမ်းတွေသိထားသင့်ပါတယ်။ ဒါမှ အလုပ်တွေ အချိန်မှန်အတိအကျ ပြီးစီးပြီး စိတ်ချမ်းသာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်မှာပါ။ ဒါကြောင့် အိမ်ကနေ အလုပ်လုပ်သူတိုင်း လိုက်နာရမယ့်အချက်တွေကို ပြောပြပါရစေ။

၁။ 9-5 Schedule ထားပါ


ကိုယ့်အိမ်မှာအလုပ်လုပ်တာလည်း အလုပ်ပါပဲ။ ဒါကြောင့်ရုံးတက်သလို သဘောထားပြီး ကိုးနာရီဆိုတာနဲ့ အလုပ်စလုပ်ပါ။ ၅ နာရီနောက်ပိုင်းဆိုရင်လည်း အလုပ်ဆက်မလုပ်ပါနဲ့တော့။ကိုယ့်အိမ်ကို အလုပ်မှာရောက်နေသလို သဘောထားလိုက်ပါ။

၂။ အနားယူပါ


တစ်နေ့လုံး အလုပ်တောက်လျှောက်မလုပ်ဘဲ တစ်နာရီလောက်နားချိန်ပေးပါ။ အာရုံစူးစိုက်တာများတဲ့အခါ လွယ်လွယ်ပင်ပန်းတတ်ပါတယ်။ ဒါကြောင့် နားချိန်ပေးပါ။

၃။ စည်းကမ်းချမှတ်ပါ


အိမ်မှာ လုပ်တယ်ဆိုပြီး ပေါ့ပျက်ပျက်လုပ်လို့မရပါဘူး။ သားတွေ သမီးတွေရှိရင်လည်း အလုပ်ချိန်မှာ မနှောင့်ယှက်ဖို့ ပြောထားပေးပါ။ ကိုယ်အလုပ်လုပ်တဲ့အချိန် အာရုံမနောက်စေဖို့ ကြိုပြောထားပါ။

၄။ လမ်းလျှောက်ထွက်ပါ


ကိုယ့်အိမ်နားဝန်းကျင်ကို လမ်းလျှှောက်ထွက်ပါ။ လေကောင်းလေသန့်ထွက်ရှူပါ။ နေရောင်ခြည်နဲ့ ထိတွေ့ပါ။

၅။ ဆက်သွယ်ပါ


သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေနဲ့ Video Call ပြောပါ။ ဖုန်းပြောပါ။

၆။ လှလှပပဝတ်စားပါ

အိမ်မှာ နေတယ်ဆိုပြီး စုတ်စုတ်ပြတ်ပြတ်မနေပါနဲ့။ အလုပ်သွားတဲ့အချိန်ပြင်ဆင်သလိုပဲ ကိုယ့်အိမ်မှာလည်း ပြင်ပြင်ဆင်ဆင်နေပြီး အလုပ်လုပ်ပါ။ မိတ်ကပ်အထူကြီးလိမ်းစရာမလိုပါဘူး။

သင်က အိမ်မှာနေရင်း အလုပ်လုပ်တတ်သူတစ်ယောက်လား။ တခြားအကြံပေးချက်တွေရှိရင်လည်း Comment ပေးခဲ့ပါဦး။