သင်က မိတ်ကပ်လိမ်းတဲ့အချိန် Eyeliner ခြယ်တာကို မကျွမ်းကျင်တာကြောင့် မခြယ်ဘဲ ဒီအတိုင်း လိမ်းဖူးလား။ ဘယ်လိုပဲဖြစ်ဖြစ် မိတ်ကပ်လိမ်းတဲ့အခါ Eyeliner ဆွဲလိုက်မှ မျက်လုံးလေးက ပိုထင်းပြီး မိတ်ကပ်က ပိုပေါ်နေမှာပါ။ သင်က Eyeliner ခြယ်ရတာကို မကြိုက်လို့ပဲဖြစ်ဖြစ်၊ မျက်လုံးနဲ့ မတည့်လို့ပဲ ဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့်မဆို Eyeliner မဆွဲချင်ရင် အောက်ဖော်ပြပါ နည်းလမ်းတွေကို လုပ်ကြည့်သင့်ပါတယ်။

၁။ မျက်ခုံးကို လှအောင်ဆွဲပါ

သင်က Eyeliner မဆွဲချင်ရင် မျက်ခုံးကို လှလှလေး ဆွဲသင့်ပါတယ်။ မျက်ခုံး မလှရင် Eye Makeup Look ပါ မလှမပ ဖြစ်တတ်ပါတယ်။ မျက်ခုံးလှလှလေး ဖြစ်ဖို့ မျက်ခုံးရိတ်တာ၊ နှုတ်တာ၊ Wax လုပ်တာတွေ လုပ်သင့်ပါတယ်။

၂။ Conceal သေချာလုပ်ပါ

သင့်မျက်လုံး တစ်ဝိုက် အရောင်မညီတာတွေ ရှိရင် Concealer ကို သေချာ သုံးပေးသင့်ပါတယ်။ မျက်ခွံပေါ် အရောင် မျှမျှတတလေး ဖြစ်နေဖို့ Primer သုံးပေးသင့်ပါတယ်။ မျက်လုံးနားတစ်ဝိုက် အပြစ်အနာအဆာတွေကို သေချာ ဖုံးပေးသင့်ပါတယ်။

၃။ Eye Shadow သုံးပါ

မျက်လုံးမှာ Eyeliner မဆွဲချင်တာကြောင့် မျက်လုံးကို ဘာမှမလုပ်တာမျိုး မလုပ်သင့်ပါဘူး။ မျက်လုံးပေါ်မှာ သေချာ Eye Shadow သုံးတတ်မယ်ဆိုရင် Eyeliner မသုံးဘဲနဲ့တောင် Smokey Eye Makeup Look ကို ရနိုင်ပါတယ်။

၄။ မျက်တောင်တု

Eyeliner မဆွဲတဲ့ ပျိုမေတို့အဖို့ မျက်လုံးလေး ဆွဲဆောင်မှု ရှိရှိ လှဖို့ မျက်တောင်တု တပ်ပေးသင့်ပါတယ်။ မျက်တောင်တု တပ်လိုက်ရင် သင့်မျက်လုံးက ပိုလှနေပါလိမ့်မယ်။ Individual Eyelashes တွေကို ရွေးချယ်နိုင်ပါတယ်။

၅။ Mascara ခြယ်ပါ

သင်က မျက်လုံးလေးကို သူ့အရောင်နဲ့သူ အသက်ဝင်နေဖို့ မျက်တောင်ခြယ်ပေးရပါမယ်။ Mascara ကို သေချာသုံးလိုက်မယ်ဆိုရင် Eyeliner မဆွဲဘဲနဲ့တောင် လှနေနိုင်ပါတယ်။

၆။ နှုတ်ခမ်းနီ

မျက်လုံးနေရာကို အသားမပေးတဲ့ ပျိုမေတို့အနေနဲ့ နှုတ်ခမ်းနီ သေချာ ဆိုးသင့်ပါတယ်။ နှုတ်ခမ်းနီကို ထင်းထင်းလေး ဆိုးမယ်ဆိုရင် Eyeliner မပါဘဲ ဆွဲဆောင်မှု ရှိပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar