ရည်းစားဟောင်းဆိုတာက ဘယ်လောက်ချစ်ချစ် လမ်းခွဲပြီးတာနဲ့ မေ့နိုင်အောင် ကြိုးစားသင့်ပါတယ်။ မမေ့နိုင်ရင် ကိုယ်ပဲပိုခံစားရမှာပါ။ ဒါကြောင့် ရည်းစားဟောင်းကို မေ့ပစ်ချင်ပေမယ့် မေ့မရတာမျိုး၊ မမေ့နိုင်တာမျိုး ဖြစ်နေတဲ့သူတွေအတွက် လုပ်သင့်တဲ့အရာ ၆ ခုကို ပြောပြပေးလိုက်ပါတယ်။

ဖုန်းနံပါတ်နဲ့ Message တွေကိုသိမ်းမထားပါနဲ့

ကိုယ်ကမမေ့နိုင်တဲ့အတွက် သတိရတိုင်း ဖုန်းခေါ်ချင်တာမျိုး၊ ဖုန်းခေါ်မိတာမျိုး၊ အရင်က Message တွေကို ပြန်ဖတ်မိတာမျိုး ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဖုန်းနံပါတ်နဲ့ Message တွေကိုသိမ်းမထားပါနဲ့။ ဖျက်ပစ်လိုက်ပါ။ Message အပြင် တခြားပြောထားတဲ့ Conservation တွေအကုန်လုံးကို ဖျက်ပစ်လိုက်ပါ။

Block ထားပါ

သတိရရင် Facebook, Instagram တွေမှာ သူ့အကောင့်ကို ဝင်ကြည့်တာမျိုး၊ ဘာတွေလုပ်နေလဲ၊ ဘယ်သူနဲ့တွဲနေရင် ဝင်ကြည့်ပြီး စိတ်ဆင်းရဲရတာမျိုးတွေ ဖြစ်နေမှာပါ။ ဒါကြောင့် တစ်ခါထဲသာ Block ထားပါ။ ဒါဆိုရင် မြန်မြန်မေ့ပစ်နိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။

အမှတ်တရမှန်သမျှရှင်းပစ်ပါ

သူနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေကစပြီး အမှတ်တရပစ္စည်းတွေအကုန် သေးသေးလေးတောင်မချန်ပဲ အကုန်ရှင်းပစ်ပါ။ ဆက်သိမ်းထားရင် မြင်တိုင်း သတိရနေမယ်၊ သတိရတိုင်းလည်း ပြန်ကြည့်ပြီး လွမ်းနေမယ်၊ ဝမ်းနည်းနေပါမယ်။ ဒါဆိုရင် ပိုပြီးတော့ မေ့ပစ်ဖို့ ခက်သွားပါလိမ့်မယ်။

သူနဲ့ပတ်သက်တဲ့အကြောင်းတွေမသိချင်ပါနဲ့

မြန်မြန်မေ့ပစ်ဖို့ဆိုရင် သူ့အကြောင်းတွေကို ဘာမှမသိရ၊ မကြားရတာမျိုးက ပိုအဆင်ပြေပါတယ်။ သူငယ်ချင်းတွေက သူ့အကြောင်းလာပြောရင်လည်း နားမထောင်ပါနဲ့။ နောက်လာမပြောဖို့ကိုလည်း မှာထားပါ။ ကိုယ်ကလည်း သွားမေးတာမျိုးတွေ မလုပ်ပါနဲ့။

သူနဲ့အကြောင်းတွေပြန်မတွေးပါနဲ့

အရင်ကအကြောင်းတွေ၊ သူနဲ့အကြောင်းတွေကို ပြန်တွေးနေရင် ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။ အချိန်ကြာရင် မေ့နိုင်သွားမယ်ဆိုပေမယ့်လည်း ကိုယ်တိုင်ကိုက အမြဲစိတ်ထဲထည့်ပြီး တွေးနေရင်တော့ ဘယ်လိုလုပ်လုပ် မေ့နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သူနဲ့အကြောင်းတွေကို ပြန်တွေးမနေပါနဲ့။

ကိုယ်စိတ်ဝင်စားတဲ့အရာတွေလုပ်ကြည့်ပါ

မေ့ပစ်နိုင်ဖို့ ခက်ခဲနေတယ်ဆိုရင် သူ့အကြောင်းတွေး မတွေးမိအောင်၊ စိတ်တည်ငြိမ်ပြီး စိတ်သက်သာရာရအောင် ကိုယ်စိတ်ဝင်စားတဲ့အရာတွေ၊ အသစ်အဆန်းတွေကို လုပ်ကြည့်ပါ။ အားတဲ့အချိန်မရှိလေ အဲ့အကြောင်းတွေ မတွေးနိုင်လေပါပဲ။ မတွေးတာများရင် မေ့သွားမှာပါ။