လက်သည်းနီဆိုးတာက လွယ်တယ်ထင်ရပေမယ့် ဆိုးနေကျ မဟုတ်ရင် လက်သည်းနီ မညီတာ၊ ဆိုးဖို့ ကျန်ခဲ့တာတွေ မြင်ရတာ၊ လက်သည်းနီ အထစ်အထစ် ဖြစ်ပြီး ချောမွေ့မှု မရှိတာ စတာတွေ ဖြစ်နိုင်ပါတယ်။ ဆိုင်မှာဆိုးတဲ့ လက်သည်းပုံစံနဲ့ တစ်ခါတလေမှ ဆိုးလေ့ရှိတဲ့ လက်သည်းနီပုံစံက အကွာကြီး ဖြစ်တာကိုတော့ သင်သိပြီးဖြစ်မှာပါ။ ဒီတစ်ခေါက်မှာတော့ ဆိုင်မှာဆိုးသလို သပ်ရပ်တဲ့ လက်သည်းနီ ပုံစံရဖို့ လက်သည်းနီ ဆိုးနည်းတွေကို ဖော်ပြပါရစေ။

ဒီနည်းလမ်းအတွက် လိုအပ်တဲ့ လက်သည်းပစ္စည်းတွေ ပါဝင်တာမို့ အခုဖော်ပြမယ့် ပစ္စည်းတွေကို ဝယ်ထားသင့်ပါတယ်။

၁။ အချိန်ပေးပါ

သင်က သပ်ရပ်တဲ့ လက်သည်းနီပုံစံလေးကို ရချင်ရင် အချိန်ပေးဖို့ လိုပါတယ်။ မဟုတ်ရင် မညီတာ ဖြစ်နိုင်လို့ပါ။ အချိန်ရတဲ့ တစ်ရက် သေချာလေး အချိန်ပေး ဆိုးရမှာပါ။

၂။ Base Coat ကို စသုံးပါ

သင့်လက်သည်းကို သဘာဝ အတိုင်း လှနေပြီး ဓာတုပစ္စည်း ဆိုးဆေးတွေရဲ့ သက်ရောက်မှုကို လျှော့ချဖို့ အရင် Base Coat ဆိုးပေးရပါမယ်။ ဒီ Base Coat ကို ခြောက်သွေ့တဲ့ လက်သည်းပေါ် အရင်ဆိုးပေးရပါမယ်။ ဒီ Base Coat ကြောင့် လက်သည်းနီအရောင်လည်း ခံပါတယ်။

၃။ လက်သည်း အလယ်ကနေ စဆိုးပါ

လက်သည်းရဲ့ အလယ်နေရာကနေ လက်သည်းနီစဆိုးကာ နောက် ဆိုးဖို့ ကျန်တဲ့ နေရာကို ဒေါင်လိုက် သွားပေးရပါမယ်။ ပြီးနောက် လက်သည်းနီ အရောင်ပိုတောက်အောင် ဒုတိယတစ်ထပ် ဆိုးပေးရပါမယ်။

၄။ Brush သုံးပြီး သပ်ရပ်အောင်လုပ်ပါ

ခပ်တောင့်တောင့် Brush တစ်ချောင်းကို ယူကာ လက်သည်း ဖျက်ဆေးရည်ထဲ စိမ်ပေးရပါမယ်။ ပြီးနောက် လက်သည်းနီဆိုးပြီး ဘေးဘက် ပေသွားတဲ့ လက်သည်းနီတွေကို Brush နဲ့ ဖျက်ပေးရပါမယ်။ လက်သည်းဖျက်ဆေးရည် Brush ထဲ များသွားပြီး လက်သည်းပေါ်က လက်သည်းနီပါ မပျက်သွားအောင် ဘေးမှာ တစ်ရှူးလေး ဆောင်ထားသင့်ပါတယ်။

၅။ Top Coat ထပ်သုံးပါ

Top Coat က သင့်လက်သည်းနီအရောင်ကို ပိုတောက်စေမယ့် အပြင် လက်သည်းနီရောင်ကိုလည်း ပိုခံစေပါတယ်။ နိုင်ငံခြားက လက်သည်းပုံစံမျိုး ရလာပါလိမ့်မယ်။

၆။ Cuticle Oil လိမ်းပေးပါ

လက်သည်းအောက်ခြေကို ခြောက်သွေ့မှု မရှိအောင် ရံဖန်ရံခါ Cuticle Oil ကို လိမ်းပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar