မင်္ဂလာပါပျိုမေတို့ရေ။ အရပ်မရှည်ဘူးဆိုပေမယ့် စိတ်ညစ်မနေပါနဲ့နော်။ သင့်ရဲ့အရပ်ဟာ သင့်ကို စိတ်ကျေနပ်မှုပေးချင်မှ ပေးပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေအားလုံးအတွက် ဖက်ရှင်ကျကျလေး ဝတ်ဆင်ပြီး ဖြေရှင်းလို့ရပါတယ်။

အပေါ်အင်္ကျီ နဲ့ စကတ်

အရပ်ပိုရှည်တယ်လို့ထင်ရဖို့ စကတ်နဲ့ အပေါ်အင်္ကျီကို ဝတ်တဲ့အခါမှာဆိုရင် အင်္ကျီကို ထုတ်ပြီးဝတ်တာဟာ မှားပါတယ်။ စတိုင်လည်းမကျပါဘူး။ ပြီးရင် ဆံပင်ကိုချထားတာ ၊ လက်ကိုင်အိတ်ကြီးကြီးတွေက သင့်ကို အိုမင်းရင့်ရော်သလိုထင်ရစေပါတယ်။

အင်္ကျီကို အထဲထည့်ဝတ်ပါ။ ဆံပင်ကို ရှင်းရှင်းနဲ့ မြင့်မြင့်လေးစည်းပါ။ အိတ်သေးသေးပြောင်းကိုင်ပါ။

ခါးပတ်နဲ့ဖိနပ်

ဒူးခေါင်းထိရှည်တဲ့ ဒူးခေါင်းကျော်တဲ့ အင်္ကျီ ပျော့ပျော့တွေကို ခါးပတ်ကြီးကြီး ဒေါက်ဖိနပ်ပြားပြားနဲ့ တွဲစီးတာထက် အရှေ့ဒေါက်ဖိနပ်ချွန်ချွန်နဲ့ ခါးပတ်ဖြုတ်ပြီး ဝတ်တာက ပိုပြီး ဖက်ရှင်ကျသလို ပိုပြီး ပိန်သွယ်တယ်လို့ ထင်ရစေမှာဖြစ်ပါတယ်။

Jackets နဲ့ Blazers အင်္ကျီ

အပေါ်ဝတ်အင်္ကျီ အရှည်ကို ဘောင်းဘီနဲ့ တွဲဝတ်တာထက် အပေါ်ဝတ်အင်္ကျီ ခါးတိုနဲ့ တွဲပြီးဝတ်တာက သင့်ကို ခြေထောက်ပိုရှည်သလို ထင်ရစေပါတယ်။ ဒါ့အပြင် ဆံပင်ချမယ့်အစား ဆံပင်စည်းတာက သင့်ကိုပိုပြီး သွက်လက်သလို ထင်ရစေပါတယ်။အိတ်ကိုလည်း သေးသေးပဲ ရွေးချယ်ပါ။

အပေါ်ဝတ် အင်္ကျီအရှည်ကိုဘယ်လိုဝတ်မလဲ။

အပေါ်ဝတ် အင်္ကျီ အရှည်ကို အရပ်ရှည်တယ်လို့ထင်ရစေဖို့အတွက် ဒေါက်ဖိနပ်အကူအညီမပါဘဲ ဝတ်လို့ရပါတယ်။ အင်္ကျီကို အစိဝတ်မယ့်အစား ဘေးနှစ်ဖက်ကို ဖွင့်ပြီး ဝတ်ပေးမယ်ဆိုရင် ပိုပြီး စမတ်ကျလှပစေမှာဖြစ်ပါတယ်။

Dress ဝတ်စုံ

အပေါ်နဲ့ အောက်အင်္ကျီ တွဲလျက်ချုပ်ထားတဲ့ Dress တွေကို ဝတ်မယ်ဆိုရင် ခါးမပေါ်တဲ့ အင်္ကျီအစား ခါးပေါ်စေတဲ့ အင်္ကျီကို ဝတ်ဆင်သင့်ပါတယ်။ ဒါ့အပြင် ဆံပင်ကို ဘေးဖက်ကို ချပေးထားပါ။

ဂျင်းဘောင်းဘီနဲ့ တီရှပ်

ဂျင်းဘောင်းဘီကို တီရှပ်နဲ့ တွဲဝတ်တာက လူတိုင်း ဝတ်လေ့ရှိတဲ့ ပုံပါပဲ။ ပုံ ၁ မှာပြထားတဲ့အတိုင်းအစား ပုံ ၂ မှာပြထားသလို ခါးပေါ်လေး ဝတ်ပေးတာက သင့်ကိုပိုပြီး စတိုင်လ်ကျစေမှာပါ။ ဒါ့အပြင်ဆံပင်ကို ထုံးလိုက်ပါ။